မော်ဒယ်သရုပ်ဆောင် ညိမ်းသော်တစ်ယောက် ချစ်စဖွယ်ကလေးလေးတစ်ယောက်နဲ့အတူ အမှတ်တရ ပုံရိပ်လေးတွေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ပျိုပျိုမေတို့ရဲ့ အပြတ်အသတ်ဝန်းရံမှုကို ရရှိထားတဲ့ မော်ဒယ်မင်းသားချောတစ်လက်ဖြစ်ပြီး လက်ရှိအချိန်ထိတော့ အချစ်ရေးနဲ့ပက်သက်လို့ Single အဖြစ်နဲ့ပဲဖြတ်သန်းနေတာကိုလည်း တွေ့ရပါတယ်။ " ည " ဇာတ်ကားနဲ့ ပရိသတ်တွေဆီ စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာလည်း မော်ဒယ်အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ကိုရီးယားအကျော်အမော် လီမင်ဟိုနဲ့ ရုပ်ချင်းအနည်းငယ်ဆင်တူတယ်ဆိုတဲ့ အချက်ကလေးကလည်း ပျိုပျိုမေတို့ကို ပိုလို့ဆွဲဆောင်စေသလား မသိပါဘူး ပရိသတ်ကြီးရေ။ ကိုယ်ပိုင်ဒီဇိုင်း စတိုင်တွေနဲ့ အပြတ်အသတ်ကိုလန်းနေတဲ့ ညိမ်းသော်တစ်ယောက် ဒီတစ်ခေါက်မှာလည်း ချစ်စဖွယ် ကလေးလေးနဲ့ ဓာတ်ဖမ်းထားတဲ့ပုံလေးက ကြွေချင်စရာပါပဲ။ ဘယ်အချိန်ကြည့်ကြည့် အထာကျတဲ့ ညိမ်းသော်ကတော့ လန်းမြဲလန်းနေဆဲပါပဲ။

နှစ်ယောက်သားရဲ့ကြည်နူးဖွယ်ပုံရိပ်လေးတွေကို " ကိုယ်တအားချစ်ပြီဆိုရင် တချိန်လုံးနမ်းနေရမှ " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်သူသာရရင်တော့ ညိမ်းသော်တို့ တစ်ချိန်လုံးနမ်းနေလောက်တယ်နော်။ ချစ်စရာကောင်းတဲ့ ကလေးလေးနဲ့ အလန်းစားလေး ညိမ်းသော်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။