အဆိုတော် G Fatt နဲ့ အဆိုတော်၊ သရုပ်ဆောင် နန်းဆုရတီစိုးတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ YUFLကျောင်း (၅၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲကြီးမှာ သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။ ဒီပွဲလေးမှာတော့ G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးက ပရိသတ်တွေကို သီချင်းလေးတွေနဲ့ တစ်ယောက်တစ်လှည့်စီ သီဆိုဖျော်ဖြေပေးခဲ့တာဖြစ်ပြီး တစ်ကျောင်းလုံးက ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှု ရရှိခဲ့ပါတယ်။

စတိတ်စင်ထက်မှာ ပရိသတ်တွေနဲ့ အပေးအယူမျှမျှ ဖျော်ဖြေပေးခဲ့တဲ့ သူတို့ချစ်သူနှစ်ဦးကတော့ အရမ်းကို လိုက်ဖက်ညီပြီး အားကျချင်စရာကောင်းလောက်ပါတယ်။ ဒီပွဲလေးမှာတော့ နန်းဆုက ပရိသတ်တွေရဲ့ ဝိုင်းဝိုင်းလည်အားပေးခြင်းခံခဲ့ရသလို G Fatt ကလည်း ကျောင်းသူလေးတွေရဲ့ ကြီးအကျယ် အားပေးမှု ရရှိခဲ့ပါတယ်။ YUFL က အချောအလှလေးတွေကြားမှာ ညှပ်နေတဲ့ G Fatt ကိုတော့ ချစ်သူလေး နန်းဆုက သဝန်မတိုတဲ့အပြင် " ကောင်မလေးတွေ ကြားထဲညှပ်နေတဲ့ ကွီး " ဆိုပြီး စနောက်ကျီစယ်ထားပါတယ်။

နန်းဆုကတော့ ချစ်သူ G Fatt အပေါ် အမြဲလိုလို နားလည်မှုအပြည့်နဲ့ ချစ်တတ်သူလေး ဖြစ်ပါတယ်။ အခုလည်း နန်းဆုက " YUFL (၅၅) နှစ်မြောက် ကျောင်းမွေးနေ့ မှာ သီဆိုဖျော်ဖြေ အရမ်းပျော်ခဲ့ရပါတယ် အရမ်းအားပေးကြ ချစ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် " ဆိုပြီး ပွဲက အမှတ်တရပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးရဲ့ ကျောင်းဖျော်ဖြေပွဲက ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nansu Yati Soe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။