တစ်ချိန်ကကမ္ဘာချန်ပီယံဆုတွေကိုအများဆုံးသိမ်းပိုက်ထားပြီးဘောလုံးကစားသမားကောင်းတွေမွေးထုတ်ပေးတာကတော့ ဘရာဇီးနိုင်ငံပဲ ဖြစ်ပါတယ်။ဘရာဇီးလို့ဆိုလိုက်တာနဲ့နာမည်ကျော်တွေဖြစ်တဲ့ဒိုကြီး၊ကာကာ၊ဒင်ညို၊ရော်ဘင်ညို၊အဒရီယာနို၊ဘတ်တစ္စတာတို့ကို ပြေးမြင်မိကြမှာ။သူတို့ခတ်မှာတုန်းကတော့ဘရာဇီးအသင်းဟာရွှေရောင်နေ့ရက်တွေကိုပိုင်ဆိုင်တဲ့အချိန်တွေလည်းဖြစ်ပါတယ်။

ခုခေတ်လူငယ်တွေနဲ့ကလေးငယ်တွေကတော့သူတို့ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုမြင်တွေ့ခွင့်မရတော့ပါဘူး သူတို့ရဲ့ခြေစွမ်းတွေက ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေအံ့သြစေလောက်တာဖြစ်ပါတယ်။ဘောလုံးကိုချစ်မြတ်နိုးပြီးအားပေးနေတဲ့ပရိသတ်တွေကတော့သူတို့ရဲ့ ကစားပုံတွေအောင်မြင်မှုတွေကိုဘယ်တော့မှမမေ့ပဲသတိရနေမှာဖြစ်ပါတယ်။

ဘရာဇီးအသင်းဟာအကောင်းဆုံးကစားသမားတွေကိုအမြဲမွေးထုတ်ပေးလေ့ရှိပြီးယခုအချိန်ထိတိုင် မွေးထုတ်ပေးနေတာဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ကစားသမားတွေပဲဖြစ်ဖြစ်သူတို့ရဲ့စည်းလုံးမှုတွေညီညွတ်မှုတွေကို ပရိသတ်တွေမြင်တွေ့ခွင့်မရှိတော့ပါဘူး။ ဘောလုံးကိုချစ်ပြီးအမြဲအားပေးနေတဲ့ပရိသတ်ကြီးအတွက်တစ်ချိန်ကခြေစွမ်းတွေနဲ့အကောင်းဆုံးရသတွေပေးနိုင်တဲ့ ဘရာဇီးအသင်းရဲ့ဗီဒီယိုလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

PHOTO:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။