အဆိုတော် G-Fatt တစ်ယောက် YUFL မှာ သွားရောက်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုဖျော်ဖြေတာ ဒါနဲ့ဆို သုံးနှစ်ဆက်တိုက်လောက်ရှိပြီ ဖြစ်တယ်လို့လည်းဆိုပါတယ်။ အားပေးတဲ့ပရိသတ်တွေကိုလည်း အများကြီးကျေးဇူးတင်ကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ YUFL မှာဖျော်ဖြေရမယ်ဆို ပျော်နေတတ်ပြီး ပရိသတ်တွေနဲ့အတူတူ တသားတည်းသီချင်းတွေသီဆိုရတာမို့ အရမ်းကိုနွေးနွေးထွေးထွေးလေးနဲ့ ပျော်စရာကောင်းတယ်လို့ ဆိုပပါတယ်။ ကျောင်းသားကျောင်းသူတွေရဲ့ဆန္ဒအရ ဖိတ်ကြားခံရတာဖြစ်လို့ ပရိသတ်တွေကိုကျေးဇူးတင်တယ်လို့ဆိုပါတယ်။

ပရိသတ်တွေဆိုရင် လူအို လူပျိုမရွေး ကျား မ မခွဲခြားပဲ အားလုံးကို တသားတည်းချစ်ခင်တယ်လို့ဆိုပါတယ်။ မိန်းကလေးပရိသတ်တွေက ပိုပြီး အားပေးချစ်ခင်တယ်ဆိုလို့ အများကြီးကြိုးစားမယ် ဝမ်းလည်းသာပါတယ်လို့ဆိုပါတယ်။ လတ်တလောမှာတော့ One Man Show လေး စီစဉ်ထားပြီး " မင်းမရှိတဲ့ရာသီ " ဆိုတဲ့ သီချင်းလေးကို Music MTV ရိုက်ကူးဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။ ချစ်သူကတော့ ဘေးကနေ ဝိုင်းဝန်းကူညီစဉ်းစားပေးတယ်လို့ဆိုပါတယ်။ 

လတ်တလောမှာတော့ လုပ်ချင်တဲ့အလုပ်တွေအရမ်းများနေပြီး အိမ်ထောင်ရေးဖက်ကိုမလှည့်ဖြစ်သေးဘူးလို့ဆိုပါတယ်။ တတိယ Music Album လေးထွက်ဖို့ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေကို ကြိုးစားပြီးလုပ်ဆောင်သွားမယ်လို့ G-Fatt တစ်ယောက် Myanmarload ကိုပြောသွားခဲ့ပါတယ်။

Exclusively on Myanmarload 

Photo - G-Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။