အခုချိန်မှာဆိုရင်တော့ဖြင့် Premier League ဟာအပြိုင်အဆိုင်တွေ ဖြစ်လာပြီပဲဖြစ်ကာ ကမ္ဘာ့အတော်ဆုံးလူတွေကိုလဲ ခေါ်ယူနေကြပြီဖြဟ်ပါတယ်။ Chelsea ဟာဆိုရင် ခုချိန်မှာတော့ အာဂျင်တီနားရဲ့ အဓိက ကစားသမားဖြစ်တဲ့ Gonzalo Higuain ကိုခေါ်ယူထားပါတယ်။ အကယ်၍များ အဲ့ခေါ်ယူမှုတာ အောင်မြင်ခဲ့ရင် ချဲလ်ဆီးဟာ တော်တော်ကို နေရာကျသွားပါပြီး။ Higuain ကိုLionel Messi နဲ့ Jose Mourinhoတို့က ဂိုးသွင်းစက်လို့ယုံကြည်ရလောက်အောင် ကျွန်းကျင်တဲ့ ရှေ့တန်းကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Higuain ဟာ ငယ်ရွယ်စဉ်အခါက သူ့အဖေ Jorge ရဲ့နည်းပြမှုလက်အောက်မှာ ရှိခဲ့ကာ သူအသက်၁၀နှစ်မှာ River Plate လူငယ်အသင်းထဲဝင်ရောက်နိုင်ခဲ့ပြီး ၁၉နှစ်မှာအဲ့အသင်းအတွက် Real Madrid ကို ၂ဂိုးသွင်းနိုင်ခဲ့ပြီး Madrid အသင်း ဒါရိုက်တာက ကြိုက်နှစ်သက်လို့ သဘောတူ စာချုုပ်ချုပ်ဆိုခဲ့ပါတယ်။ Higuain ဟာဖလားပွဲမှာ Madrid ကိုအရှုံးကနေ နိုင်အောင်လုပ်ပေးခဲ့လို တော်တော်အောင်မြင်ခဲ့ပါတယ်။ 

သူဟာအဲ့ Season မှာဆိုရင် ၃၄ပွဲကစားခဲ့ပြီး ၂၂ဂိုးသွင်းနိုင်ခဲ့ပါတယ်...တော်တေ်ာ တော်တဲ့ကစားသမားပါ။ အဲ့နောက်မှာ Benzema ရောက်ရှိလာခဲ့ပါတယ်။ သူလဲကစားပွဲတွေနည်းခဲ့ပါတယ်....ဒါပေမဲ့ အသင်းအတွက် သူဟာ ၂၇ဂိုးသွင်းပေးချိန်မှာ Benzema က၈လုံးသာသွင်းပေးထားနိုင်ခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာ Ac Milan မှာ အငှားကစားနေတာဖြစ်ပြီး Chelsea ဟာလဲသူကို့ခေါ်ယူနိုင်ဖို့မျှော်လင့်လျက်ရှိပါတယ်။ Higuain ဟာ ၂၀၀၅ကနေခုချိန်ထိ ဂိုးပေါင်း ၂၇၀ သွင်းယူထားပါတယ်။

Source : Daily Mail Football 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။