လတ်တလော ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ "သရဲသင်္ဘော" ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇန်နဝါရီလ ၁၈ ရက်၊ သောကြာနေ့မှာ တစ်နိုင်ငံလုံးတွင် ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ရုံမတင်ကတည်းက Trailer နဲ့တင် လူကြိုက်များအောင်မြင်နေတဲ့ ဒီဇာတ်ကားကြီးက ရုံတင်တင်ချင်းနေ့မှာပဲ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံ ကြိတ်ကြိတ်တိုး အားပေးမှုကို ရရှိခဲ့ပါတယ်။ တစ်မူထူးခြားတဲ့ပုံစံနဲ့ သင်္ဘောပေါ်မှာ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

"သရဲသင်္ဘော" လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေ စုံစုံလင်လင် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ကြောက်ရင်း ရယ်နေရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ သရဲခြောက်ခံရလို့ ပတ်ပြေးနေရင်း အလွဲလေးတွေ ကြုံတွေ့နေရတဲ့ အနုပညာရှင်တွေရဲ့သရုပ်ဆောင်ချက်လေးတွေက ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ရုံတင်တဲ့နေ့မှာပဲ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးမှုတွေနဲ့ "သရဲသင်္ဘော" ကြီးက အသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကတော့ ကြောက်ရွံမှုနဲ့ ပျော်ရွှင်မှု ရသနှစ်ခုလုံးကို တစ်ပြိုင်နက်တည်းပေးနိုင်တာကြောင့် ပရိသတ်တွေအနေနဲ့ ကြည့်ရမှာ အမှန်တကယ်ကို တန်စေမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ပထမနေ့မှာတင် အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဒီဇာတ်ကားလေးကိုတော့ အခုလို ပိတ်ရက်မှာ လက်မလွှတ်တမ်း သွားရောက်ကြည့်ရှုသင့်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းကိုရေပန်းစားလူကြိုက်များနေတဲ့"သရဲသင်္ဘော" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Trailer ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:သရဲသင်္ဘော;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။