ချဲလ်ဆီးလ်အသင်းမှ ဗလင်စီယာအသင်းတွင် အဌားစာချုပ်ဖြင့် ဘက်ရှူဝါယီကို မိုနာကိုအသင်းက အဌားစာချုပ်ဖြင့်ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ချဲလ်ဆီးအသင်းကအပြီးသတ် ရောင်းချလိုနေသောကြောင့် အဌားစာချုပ်ဖြင့် စေလွှတ်မည့်အစီအစဉ်ကိုပိတ်ပင်ခဲ့ကြောင်း သိရသည်။  

ဗလင်စီယာအသင်းက ဘက်ရှူဝါယီကို အဌားစာချုပ်မပြည့်မီ ချဲလ်ဆီးအသင်းထံပြန်လည်စေလွှတ်ချင်သော်လည်း ချဲလ်ဆီးအသင်းကနေရာမပေးနိုင်သည့်အတွက် ဗလင်စီယာအသင်းနှင့်ချုပ်ဆိုထားသော အဌားစာချုပ်သက်တမ်းအရ ဆက်လက်ကစားစေမည်ဖြစ်သည်။ ချဲလ်ဆီးအသင်းက ဘက်ရှူဝါယီကို အခြားအသင်းများထံထပ်မံ၍ အဌားစာချုပ်ဖြင့်ကစားခွင့်ပြုတော့မည်မဟုတ်ပဲ အပြီးသတ်ရောင်းချရန် ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။ 

မိုနာကိုအသင်း ဒုတိယဥက္ကဌက “ ဘက်ရှူဝါယီကို ဗလင်စီယာအသင်းကနေ ရာသီအကုန်အထိ အဌားစာချုပ်နဲ့ခေါ်ယူသွားဖို့ သဘောတူညီမှုရရှိထားပါတယ်။ ဒါပင်မဲ့ ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကသူ့ကို အဌားစာချုပ်နဲ့မဟုတ်ပဲ အပြီးသတ်ခေါ်ယူမယ်ဆိုရင် ခွင့်ပြုမယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဘက်က အပြီးသတ်ခေါ်ယူသွားဖို့ အခက်အခဲရှိနေပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ " လို့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Source - Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။