Special Make Up Effect ပြင်ဆင်ချယ်သမှုတွေမှာ Professional တစ်ယောက်ဖြစ်တဲ့ Make Artist မလေး ဟန်နာယူရီကတော့ ပရိသတ်တွေကြားမှာ မော်ဒယ်မင်းသမီးအဖြစ်ပါ နာမည်ကြီး အောင်မြင်နေတဲ့ သူလေးတစ်ဦးဖြစ်ပါတယ်။ မြန်မာမလေးတစ်ယောက်ဖြစ်ပေမယ့် ကိုရီးယားသူလေးလို အလှတွေကို ပိုင်ဆိုင်ထားတာကြောင့် မြင်ရသူပုရိသတွေရဲ့ ရင်ကို တဒုတ်ဒုတ်ခုန်သွားအောင် ဆွဲဆောင်နိုင်သူလေးဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုယ်ပိုင် Brand တွေကိုလည်း ထုတ်လာနိုင်ပြီဖြစ်တဲ့ ဟန်နာယူရီက နိုင်ငံတကာနဲ့ အတူ ပူးပေါင်းပြီး ကြော်ငြာတွေကို လည်း ရိုက်ကူးပေးလျက်ရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အရုပ်မလေးလို ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းတဲ့ သူမက မော်ဒယ်ပိုင်းမှာလည် ကျွမ်းကျင်ပိုင်နိုင်တာကို မြင်တွေ့ရမှာပါ။ တစ်နေ့ထက် တစ်နေ့ ကြည့်လို့မဝနိုင်အောင် ပိုပိုပြီး လှလာတဲ့ ဟန်နာက ယောကျာ်းထုကြီးရဲ့ နှလုံးသားတွေကို အရည်ပျော်ကြသွားအောင် ခြွေချနိုင်တဲ့ သူလေးဖြစ်ပါတယ်။

လက်တလောမှာတော့ ရိုက်ကူးရေးတစ်ခုကြောင့် ကလောကို ရောက်ရှိနေတဲ့ ဟန်နာက သူမအဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကို ဖြစ်ခွင့်ရခဲ့တဲ့ အတွက် အရမ်းကို ဝမ်းသားနေပါတယ်။ ဟန်နာက "တောင်ပေါ်မှာနေဝင်တာနဲ့ နေထွက်ကြည့်ဖူးချင်တယ် လုပ်ဖူးပြီးသွားပြီ " ဆိုပြီး သူမရဲ့ ပောျ်ရွှင်စရာအကောင်းဆုံးအချိန်လေးတွေကို ဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source:Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။