Rosie အမည်ရစက်ရုပ်ဟာသင့် နေအိမ်မှာအဖော်တစ်ယောက်လို သင့်ကိုအကူအညီပေးနိုင်ပါတယ်။ သူ့ကို Aeolus Robot ကုမ္ပဏီက တီထွင်ထားခြင်း ဖြစ်ပြီးသူကကြမ်းတိုက်ခြင်း၊ ပရိဘောဂများကို နေရာပြောင်းခြင်းနဲ့ ရေခဲသေတ္တာထဲမှ ပစ္စည်းများကိုယူဆောင်ပေးခြင်းများ ကို ပြုလုပ်နိုင်ပါတယ်။သူဟာအသက် ၁၂ နှစ်သားအရွယ်ကလေးငယ်ရဲ့ အရွယ်အစားနဲ့ အလေးချိန်လောက် ရှိပါတယ်။ 

စက်ရုပ်ရဲ့ လက်ချောင်းများဟာ အရာဝတ္ထု များကိုကိုင်တွယ်တဲ့ အခါမှာအလွန် တိကျပါတယ်။ ထိုစက်ရုပ်လေးဟာ အရာဝတ္ထု များစွာကိုသိနားလည်ပြီးသူတို့ကိုသင့်တော်တဲ့ နေရာကိုပြောင်းရွှေ့ နိုင်ပါတယ်။ ကလေးများအရုပ်များကစားပြီးတဲ့အခါမှာလည်းသူက အရုပ်များ ကိုနေရာတကျ သိမ်းဆည်းပေးနိုင်ပါတယ်။ သူဟာစမတ်နေအိမ် ကိရိယာ များဖြစ်တဲ့ Google Home , Amazon Alexaတို့နဲ့လည်းချိတ်ဆက် အလုပ်လုပ်နိုင်ပါတယ်။

ထို့အပြင်သက်ကြီးရွယ်အိုများကိုစောင့်ရှောက်ခြင်း၊ ပျောက်နေတဲ့ ပစ္စည်းများ ကိုရှာဖွေခြင်းများလိုအလုပ်များကိုလည်း ပြုလုပ်နိုင်ပါတယ်။ သက်ကြီး ရွယ်အိုများချော်လဲသွားရင်လည်းသူကသိနားလည်ပြီးအကူအညီများ ခေါ်ပေးနိုင်ပါတယ်။ အဆိုပါ စက်ရုပ်လေးကိုတော့ မကြာမီ ဈေးကွက်အတွင်းတွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။  

Source : Mobile Guide Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။