ပရိတ်သတ်ကြီးရေ.... ဟာသဇာတ်ရုပ်တွေဆိုရင် ပရိတ်သတ်တွေကို အူတက်ရယ်မောရအောင် အကောင်းဆုံးသရုပ်ဆောင်ပြနိုင်တဲ့ ဟာသမင်းသမီးလေး ဂွမ်းပုံကို ပရိတ်သတ်ကြီးသိမှာပါနော်။ဟာသ တင်မကဘဲ အချစ် အမုန်းအလွမ်း ကြိုက်တဲ့ဇာတ်ရုပ်လာ မရွေးဘဲ ပရိတ်သတ်တွေရင်ထဲထိအောင် သရုပ်ဆောင်ပြနိုင်သူလည်းဖြစ်ပါတယ်နော်။

လူကောင်သေးသေးလေးဆိုပေမယ့် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေကို ပွဲကျသွားအောင်သရုပ်ဆောင်နိုင်တဲ့ အတွက်ပရိတ်သတ်တွေအချစ်ပိုနေရတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ရုံတင် ရုပ်ရှင်ကားကြီးတွေမှာဆက်တိုက်ဆိုသလို သရုပ်ဆောင်နေရပြီးတော့ သူမကိုယ်တိုင်ကလည်း သူမချစ်တဲ့အနုပညာကို အကောင်းဆုံးကြိုးစားဖန်တီးလျက်ရှိပါတယ်နော်။

လတ်တလောမှာတော့ သူမဟာ ရုံတင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ ကျားကျားကြိုက်ကြိုက်ဇာတ်ကားကြီးကို အကယ်ဒမီမင်းသားချော မြင့်မြတ်တို့နဲ့ အတူ ငပလီကမ်းခြေမှာသွားရောက်ရိုက်ကူးလျက်ရှိပါတယ်နော်။ ရုပ်ရှင်လည်းရိုက်ရင်း ကိုယ့်ရဲ့ချစ်ခင်ပွန်းလေးနဲ့လည်း အလည်အပတ်တွေသွားရင်း အရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်နော်။ကဲ... ဂွမ်းစိန်လေးတို့ ဇနီးမောင်နှံ ငပလီရောက်တုန်းလေး ဘယ်လိုတွေလန်းနေလဲဆိုတာကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Goon Sein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။