ပရိတ်သတ်ကြီးရေ ပြည်သူချစ်မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ အနုပညာလောကထဲကို စဝင်လာတုန်းက မင်းသားဟိန်းဝေယံနဲ့ ရုပ်ချင်းဆင်လို့ ပရိတ်သတ်တွေက သတိထားမိခဲ့ကြတာဖြစ်ပါတယ်။အရမ်းရှည်တဲ့ အရပ်အမောင်းနဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ မိန်းကလေးပရိတ်သတ်တွေကြား ဝိုင်းဝိုင်းလည်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ပါတယ်။အနုပညာလောကထဲကို စဝင်လာကတည်းက အလုပ်တွေကို ကြိုးကြိုးစားစား လုပ်ဆောင်သူတစ်ယောက်ဖြစ်လို့ အောင်မြင်မှုတွေကိ ရရှိနေတာပဲဖြစ်ပါတယ်။ 

ဇေရဲထက်က အခုနောက်ပိုင်းမှာ အရင်ကထက် ပိုချောလာပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း တစ်စိုက်မက်မက် လုပ်ဆောင်နေပါတယ်။ဇေရဲထက်က ဇာတ်ကားတွေမှာဆိုရင် ကျရာဇာတ်ရုပ်ကို သေချာပြင်ဆင်ပြီး တိကျပိုင်နိုင်စွာ သရုပ်ဆောင်တာဖြစ်လို့ သူရဲ့ဇာတ်ကားများကို ပရိတ်သတ်တွေက တစ်ခဲနက်အားပေးကြပါတယ်။ဇေရဲထက်ရဲ့ အခြောက်ဇာတ်ရုပ်ဆိုလည်း အဝတ်အစားကအစ သေချာဂရုစိုက်ပြီး ပြင်ဆင်လို့ တကယ်မိန်းကလေးအစစ်နဲ့တူပြီး အရမ်းလှပါတယ်လို့ ပရိတ်သတ်တွေက ချီးကျူးနေတာပဲဖြစ်ပါတယ်။

ဇေရဲထက်က အောင်မြင်နေတဲ့ မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း မာနမကြီးဘဲ ဖော်ရွေစွာနဲ့ လူတိုင်းကို ဆက်ဆံတတ်သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများနေတဲ့ မင်းသားဖြစ်ပါတယ်။အခုဆိုရင်လည်း သူ့ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ စိတ်ဝေဒနာရှင် ကောင်မလေးတစ်ယောက်က ဇေရဲထက်ကို အရမ်းချစ်ပြီး လက်ထက်ပါမယ်လို့ ပြောနေတဲ့ ကောင်မလေးကို ဇေရဲထက်က ဂရုဏာသက်စွာနဲ့ တစ်နေ့ကျရင်လာတွေ့ပါမယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားပါတယ်နော်။

Source:Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။