Cara Delevingne

ဒီမင်းသမီးကို တော့ Suicide Squat 2016 ဇာတ်လမ်းထဲက သုတေသန ပညာရှင် ဒေါက်တာ June Moone တဖြစ်လှည့် Enchantress ဆိုတဲ့ စုန်းမ ဇာတ်ကောင် သရုပ်ဆောင်ခဲ့တဲ့ သူမကို သိကြမယ် ထင်ပါတယ်။ အမှန်ပြောရင် သူမက လိင်တူချစ်ကြိုက်သူ (Lesbian) တစ်ယောက်ပါ။ သူမရဲ့ ချစ်သူက တော့ မင်းသမီးAshley Benson ဖြစ်ပြီး 2018ခုနှစ်၊ အေပရယ်ကနေ စတင်ချစ်ကြိုက်ကာ ချစ်သူသက်တမ်း(၉) လ ရှိပြီ ဖြစ်ပါတယ်။သူမရဲ့ အပြင်ပန်း ဝတ်စားဆင်ယင်မှု အရ မင်းသမီး Cara Delevingne ဟာ ယောကျာ်းအရမ်းဆန်တဲ့ Tom Boy ပုံစံမျိုး မဟုတ်သလို သူမရဲ့ နေထိုင်တဲ့ ပုံစံက သာမန်မိန်းကလေးတစ်ယောက် နဲ့ မထူးခြားတာကြောင့် အမျိုးသမီး ဇာတ်ရုပ်နဲ့ ကာရိုက်တာတွေကို ပိုင်နိုင်အောင် သရုပ်နိုင်သူဖြစ်ပြီးမင်းသမီး Michelle Rodriguez ၊ St. Vincent ၊ အဆိုတော် Miley Cyrus နဲ့လည်း 2014 ခုနှစ်က ချစ်ကြိုက်ခဲ့ပါသေးတယ်။   

Kristen Stewart

Vampire တစ်ကောင်နဲ့ ချစ်ကြိုက်မိတဲ့ မိန်းကလေး Bella Swan အဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ The Twilight Saga film series (2008–12)ထဲက Kristen Stewart မင်းသမီးကိုတော့ ပရိသတ်တွေ မသိသူ မရှိလောက်ပါဘူး ထင်ပါတယ်နော်။ ဒီဇာတ်လမ်းအပြီး မင်းသား Robert Pattinson နဲ့ ချစ်ကြိုက်ခဲ့ပေမဲ့လည်း အရမ်းလိုက်ဖက်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ သက်တမ်း(၅) နှစ်တာမျှအကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ 2014 ခုနှစ်မှာ Alicia Cargile ဆိုတဲ့ အမျိုးသမီးနဲ့ လိင်တူ စတင်တွဲခုတ်ခဲ့ပြီး လက်ရှိသူမရဲ့ ချစ်သူ မိန်းကလေးကတော့ Sara Dinkin ဆိုတဲ့ Fashion Blogger တစ်ယောက်ဖြစ်ပါတယ်။

Ruby Rose

Ruby Rose ကတော့ အသက်(၃၂) နှစ် ရှိပြီ ဖြစ်တဲ့ သြစတေးယျ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ MTV Vj မှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့ပြီး သူမကတော့ အရွယ်ရောက်ကတည်းက လိင်တူချစ်နှစ်သက်သူ (Lesbian) တစ်ယောက်ဖြစ်ပါတယ်။ Ruby Rose နဲ့ (2008 - 2018) ခုနှစ်ထိ ချစ်သူ သက်တမ်း(၁၀) နှစ်ကျော် နီးပါး၊ ပြတ်လိုက်ဆက်လိုက်နဲ့ လက်တွဲခဲ့သူကတော့ Jessica Origliasso ဖြစ်ပြီးHarley Gusman (2016)၊ Phoebe Dahl(2014 - 2015) ၊Lauren Abedini (2012)၊ Catherine McNeil (2009 - 2010) ၊ Lyndsey Anne (2008 - 2009) စသဖြင့် မင်းသမီး ၊ မော်ဒယ်လ် နာမည်ကြီး တော်တော်များများနဲ့ တွဲခုတ်ဖူးပါတယ်။ မကြာခင်မှာတော့ Ruby Rose ဟာ Superhero ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Batwoman ဆိုတဲ့ ကာရိုက်တာကို ပါဝင်သရုပ်ဆောင်ဖို့ လက်ခံထားတာဖြစ်ပြီး လက်ရှိမှာတော့ ချစ်သူမရှိတဲ့ Single တစ်ယောက်ဖြစ်ပါတယ်။  

Bella Thorne

Shake It Up ဆိုတဲ့ ဇာတ်လမ်းနဲ့ နာမည်ရလာခဲ့တဲ့ အသက်(၂၀) နှစ် ရှိပြီ ဖြစ်တဲ့ မင်းသမီး Bella Thorne ဟာလည်း သူမကိုယ်တိုင်က Bisexual တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ဖူးသလို သူမတွဲခုတ်ခဲ့တဲ့ ရည်းစားတွေ တော်တော်များများကတော့ မင်းသားနဲ့ အဆိုတော်ကောင်းလေးတွေ တော်တော်များများဖြစ်သလို အဆိုတော် ၊ Rapper Mod Sun နဲ့ လမ်းခွဲပြီး 2017 ခုနှစ် စက်တင်ဘာလမှာ သူမရဲ့ လက်ရှိချစ်သူ ဖြစ်တဲ့ အဆိုတော်မလေး Tana Mongeau နဲ့ စတင်တွဲခုတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့ချစ်သူနှစ်ယောက်ရဲ့ ရည်းစားသက်တမ်းဟာ စက်တင်ဘာလမှာ (၂) နှစ်ဝန်းကျင်ပြည့်တော့မှာပါ။ 

Gigi Gorgeous

followers (2 million) မကတဲ့ အောင်မြင်တဲ့ YouTubers တစ်ယောက်ဖြစ်တဲ့ Gigi Gorgeous ကတော့ အောင်မြင်တဲ့ socialite, actress, နဲ့ model တစ်ယောက်ဖြစ်ပြီး အံသြစရာကောင်းတဲ့ နောက်တချက်ကတော့ သူမဟာ transgender woman (ယောကျာ်းဘဝမှ အမျိုးသမီးဘ၀ ပြုပြင်ပြောင်းလဲနေထိုင်သူ) တစ်ယောက်ဖြစ်ပါတယ်။ 2013ခုနှစ်မှာ သူမဟာ transgender woman တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး နာမည်ပိုရလာခဲ့သလို အမျိုးသမီးတစ်ယောက်ဘဝကို ခံယူလိုက်ပေမဲ့လည်း သူမဟာ မိန်းကလေးတွေကိုပဲ နှစ်သက်တဲ့ bisexual တစ်ယောက်ဖြစ်ကြောင်း ပြန်လည် ဝန်ခံလိုက်ပါတယ်။ လက်ရှိသူမရဲ့ ချစ်သူကတော့ Nats Getty ဆိုတဲ့ Tom boy ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီး ချစ်သူသက်တမ်း(၂) နှစ်ကျော်၊ (၃)နှစ် နီးပါး ရှိပါပြီ။

source:https://www.vix.com;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။