ကမ္ဘာကျော် ဖိနပ်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Nike ကတော့ အခုတစ်ခေါက်မှာလည်း လူတိုင်းသဘောကျနှစ်သက်သွားစေမယ့် ဖိနပ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဖိနပ်လေးကတော့ မြက်ခင်းပေါ် Golf ရိုက်တဲ့အခါ ဖိနပ်ကိုလုံဝမမြင်ရလောက်အောင် အထူးဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ မြက်ခင်း ဖိနပ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းပိုင်းက ဘယ်လောက်သပ်ရပ်ပီး လှပလဲဆိုတာကတော့ ပရိသတ်ကြီးကိုယ်တုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ပါအုန်းနော်။ 

ဒီဖိနပ်လေးရဲ့ Model ကတော့ The Nike Air Max1 Golf "Grass" လို့အမည်ပေးထားပြီး မကြာခင်ကျင်းပတော့မယ့် PGA Golf ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။ ဒီဖိနပ်လေးရဲ့ အပေါ်ယံနဲ့ ဘေးပတ်ပတ်လည်တွေကို တစ်ကယ့် မြက်အစစ်နဲ့ ဖုံးပေးထားတာလည်း ဖြစ်ပါတယ်။ 

အခုထုတ်လုပ်ထားတဲ့ ဖိနပ်ဟာဆိုရင် အရင် ထုတ်လုပ်ထားတဲ့ Air Max 1 models တွေလိုမျိုးပဲ စီးရတာ သက်တောင့်သက်သာရှိဖို့အတွက် ထုတ်လုပ်ပေးထားတယ်လို့သိရပါတယ်။ ဈေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့်လည်း ဒေါ်လာ ၁၄၀ နဲ့ ရောင်းချသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ ဒါ့ကြောင့် Nike ရဲ့ ဖိနပ်ကြေငြာ ဗီဒီယို အလန်းလေးကို ကြည့်ရှုလိုက်ပါအုန်းနော်။ 

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။