မန်ယူကွင်းလယ်ကစားသမား Paul Pogba ဟာဆိုရင် မန်ယူမှာနေရင်း တစ်ကမ္ဘာလုံးမှာ နာမည်ကြီးအောင် ဘယ်လို့ကစားသွားမလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ Pogba ဟာဆိုရင် မော်ရင်ဟိုမထွက်ခင်တုန်းက နေရာရရှိခဲ့ခြင်း မရှိပါဘူး။ သူဟာ အရန်ခုံမှာ ထိုင်နေရတာများခဲ့ပါတယ်။ ဒါပေမဲ့ဆိုးလ်ရှားရောက်လာတဲ့ချိန်မှာတော့ သူဟာနေရာရရှိခဲ့ပြီး ၅ပွဲကစား ၅ပွဲနိုင် ၄ဂိုးသွင်း ၄ခါဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ရမှတ် ၁၅မှတ်ကိုလဲ ရအောင်ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ 

" ကျွန်တော်တို့ကြိုးြိကုးစားစား ကစားကြတယ်...အဲ့အတွက်ခုချိန်မှာ ကျွန်တော်တို့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ရတယ်....ကျွန်တော်တို့မှာ မန်နေဂျာအသစ်ရှိတယ်....သိသာထင်ရှားစွာပဲ ကျွန်တော်တို့ အကောင်းမွန်ဆုံးကစားတယ်....သူလဲအကောင်းဆုံးကိုပဲ လိုချင်တယ် " လို့ Pogba ကပြောကြားခဲ့ပါတယ်။ " ခုချိန်မှာဆိုရင်တော့ ကျွန်တော်တို့တွေရဲ့ စိန်ခေါ်မှုတွေက ကြီးမာလာပါပြီး.....အဲ့လမ်းပေါ်ကနေလဲ ဆင်းလို့မရတော့ပါဘူး....အသင်းကြီးတိုင်းက ဒီလိုပါပဲ " ဟုဆက်လက်ပြောကြားခဲ့ပါတယ်။

" ကျွန်တော်အမြဲပြောပါတယ်....အကယ်၍များ ကျွန်တော်တို့ ကောင်းကောင်းကစားမယ်....ဂိုးဖန်တီမယ်...ဂိုးသွင်းမယ်ဆိုရင်....အသင်းကရှုံးနေတာကို မင်းမြင်မှာမဟုတ်ဘူး.....ဒါပေမဲံ မင်းသာနိုင်ရင် ရှုံးတာထက်ပိုမိုတောက်ပနေတော့မှာပါ....ကျွန်တော်ပြောသလိုပါပဲ...ကျွန်တော်လုပ်နိုင်သည်ရှိသော် မလုပ်နိုင်သည်ရှိသော် နိုင်တာကနိုင်နေတာပါပဲ.....မင်းသာ အသင်းဇယားကိုနိုင်ခဲ့ရင် မင်းကပိုမို မြင့်လာမှာပါ...ဒါပေမဲ့ မင်းတို့သာရှုံးရင် မင်းကိုဘယ်သူမှ မြင်မှာမဟုတ်ဘူး...ကျွန်တော့်အတွက်ပဲပြောနေတာမဟုတ်ပါဘူး......ကျွန်တော် ဂိုးအနည်းငယ်သွင်းတယ်....ဂိုးအနည်း ဖန်းတီတယ်..ဒါပေမဲ့ အာ့က အသင်းအတွက်ပါပဲ " ဟုပြောကြားခဲ့ပါတယ်။

Source : Daily Mail Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။