ပရိတ်သတ်ကြီးရေ... ဟာသကားကိုမှ ကြိုက်နှစ်သက်ပါတယ် .... ပြဿနာပေါင်းသောင်းခြောက်ထောင်ကို မေ့ပြီးတော့ရယ်ချင်မောချင်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေသွားကြည့်သင့်တဲ့ ဟာသဇာတ်မြူး ဇာတ်ကားလေးပါနော်။ အခုလတ်တလောမှာ ပရိတ်သတ်တွေကြားထဲမှာ အရမ်းကိုပေါ်ပြူလာဖြစ် အရမ်းကိုရေပန်းစားနေခဲ့ပြီးတော့ ကြည့်ရှူချင်သူတွေအရမ်းကိုများပြားနေတဲ့ကားလေးပါ။

ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း ပရိတ်သတ်တွေကို အမှန်တကယ်ကိုအူတက်ရယ်မောရစေမယ့် သရုပ်ဆောင်များဖြစ်ကြတဲ့ မင်းသားခန့်စည်သူ၊ လူမင်း၊ထွန်းအိန္ဒြာဗို၊ခိုင်သင်းကြည်၊ပွင့် နဲ့ အခြားဟာသအနုပညာရှင်ပေါင်းများစွာပါဝင်ထားပါတယ်။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကပုံဖော်ထားပြီးတော့ `ခ´သုံးလုံး Production ကနေပြီးတော့တင်ဆက်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေကြားမှာ အရမ်းကိုpopularဖြစ်နေပေမယ့် အခုမှoffical trailerထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်နော်။ ဒီဇာတ်ကားကိုရုံတင်ပြသမယ့်ရက်ကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ဖြစ်ပြီးတော့ တစ်ကားလုံးမှာ တရုတ်ဆန်ဆန် အပြင်အဆင်လေးတွေကို ပါသုံးထားတဲ့အတွက်ပရိတ်သတ်တွေအမြင်ဆန်းစေမှာသေချာပါတယ်နော်။ကဲ... Trailerနဲ့တင် ရယ်နေရတဲ့ ဒီဇာတ်ကားရဲ့ Official videoလေးကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : တရုတ်မလေးကိုချစ်တယ် - ဝေါ်အိုက်နီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။