ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေးတွေဖြစ်တဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းတစ်စုကတော့ လက်ရှိမှာ ကော့သောင်းဘက်ကို ခရီးထွက်နေကြတာ တွေ့ရပါတယ်။ BFF လို့အမည်ပေးထားတဲ့ ချစ်သက်တို့သူငယ်ချင်းအဖွဲ့လေးက အရမ်းကို ပျော်စရာကောင်းတဲ့ အမှတ်တရခရီးလေးတွေကို ချစ်ချစ်ခင်ခင် သွားလေ့ရှိတာ ဖြစ်ပါတယ်။ အခုတစ်ခါသွားတဲ့ ကော့သောင်းခရီးစဉ်လေးကတော့ သူမတို့အဖွဲ့ရဲ့ ဒုတိယခရီးစဉ်လေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ထွက်ခွာခဲ့တဲ့ သူမတို့အဖွဲ့လေးက လက်ရှိမှာတော့ ကော့သောင်းက ဟန်းနီးမွန်းကျွန်းလေးကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ အရမ်းကို သာယာလှပတဲ့ ကျွန်းလေးမှာတော့ ချစ်သက်တို့က အလှပဆုံး အမှတ်တရဓာတ်ပုံလေးတွေကို တစ်ပျော်တစ်ပါးကြီး ရိုက်ကူးခဲ့ကြပါတယ်။ အခုလည်း သူမတို့အဖွဲ့က သစ်ပင်ပေါ်မှာ အလန်းစားဖက်ရှင်တွေနဲ့ အထာကျကျ ဓာတ်ဖမ်းနေကြတာ တွေ့ရပါတယ်။

ဒီဇိုင်နာမပုံ့ရဲ့ Zoey ဖက်ရှင်တွေနဲ့ လုံးဝကို အမိုက်စားဖြစ်နေတဲ့ ချစ်သက်၊ ခင်လေးနွယ်၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်နဲ့ သူငယ်ချင်းတစ်စုက ကိုယ်စီအလှတွေနဲ့ အထူးခြားဆုံး လှနေခဲ့ပါတယ်။ အခုလည်း မပုံ့က သူမတို့သူငယ်ချင်းတစ်စုရဲ့ ဓာတ်ဖမ်းနေတဲ့ ဗီဒီယိုဖိုင်လေးကို "Coming soon Bff Zoey အရိုင်းဆန်တဲ့ ဟန်နီမွန်းကျွန်းလေးမှာပေါ့ " ဆိုပြီး တင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်သက်တို့အဖွဲ့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ma Pont & Khin Lay Nwe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။