ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ တက်သစ်စ သရုပ်ဆောင်မိန်းကလေးတစ်ယောက်ဖြစ်ပင်မဲ့ ယခုမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူလေးပဲဖြစ်ပါတယ်။ သူမကတော့ သူမရဲ့အရမ်းကိုပီပြင်တဲ့ အကလေးတွေနဲ့အတူ ချစ်စရာကောင်းလွန်းတဲ့ သရုပ်ဆောင်လေးတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 

ဖြူဖြူထွေးကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်နေတဲ့ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။ ကြော်ငြာတွေအများကြီးလည်း လက်ခံရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်ကြီးအနေနဲ့ချီးကျူးအားပေးထိုက်သူတစ်ယောက်ဖြစ်ပါတယ်။သူမကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေလည်း ရှိသလို ဝေဖန်ပြောဆိုတဲ့ပရိတ်သတ်တွေလည်းရှိပင်မဲ့ အနုပညာသမားတစ်ယောက်ရဲ့စိတ်ဓာတ်ကိုအပြည့်အဝမွေးပြီး အားလုံးကို မေတ္တာနဲ့ပဲတုံ့ပြန်ခဲ့တာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့ မုဒိတာပွားဖွယ်အားပေးနိုင်မှာပဲဖြစ်ပါတယ်။  

သူမဟာဆိုရင် ပရိသတ်ကြီးကို အဆက်အသွယ်မပြတ်အောင် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု၊ အနုပညာဘလှုပ်ရှားမှုတွေကို အစဉ်အမြဲဖော်ပြပေးနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ရေစကြိုမြို့ လဝန်းသစ် ရွေလှည်းယာဉ် ကြော်ငြာ အတွက် သရုပ်ဆောင် ဖြူဖြူထွေးဟာအပင်ပန်းခံပြီး သွားရောက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သန့်သန့် မိတ်ကပ်( ရေစကြို ) ကအလှအပ ပြုပြင်ဖန်းတီးပေးထားဖြစ်ပြီး ကြော်ငြာရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်တွေကို Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။