ပရိတ်သတ်ကြီးရေ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းကတော့ mrtv4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိတ်သတ်တွေ သတိထားမိလားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ဒေါင်းက အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ညှို့ယူနိုင်တဲ့အကြည့်လေးတွေနဲ့ ချောမောခန့်ညားတဲ့ရုပ်ရည်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲတစ်ယောက်လည်းဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေက ဒေါင်ရဲ့အနုပညာကိုလည်း တစ်ခဲနက်အားပေးကြလို့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိလာတာဖြစ်ပါတယ်။

ဒေါင်းက တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ဇာတ်လမ်းတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်လို့ သူ့ရဲ့ဇာတ်ကားများကိုလည်း ပရိတ်သတ်တွေက နှစ်ခြိုက်သဘောကျကြပါတယ်။ဒေါင်းက စိတ်သဘောထားဖြူစင်ပြီး တည်ငြိမ်အေးချမ်းစွာ နေတတ်သူတစ်ယောက်ပါ။တစ်နေ့ထက်တစ်နေ့ပိုပို ခန့်ညားလာပြီး ညှို့ယူနိုင်တဲ့မျက်လုံးလေးတွေကလည်း ပိုပိုပြီး အသက်ဝင်လာလို့ မိန်းကလေးပရိတ်သတ်တွေကတော့ တစ်ဖြုတ်ဖြုတ်ကြွေနေရတာပါနော်။

ဒေါင်းရဲ့အနုပညာလှုပ်ရှားမှု့တွေက အခုနောက်ပိုင်းမှာ ပိုပြီးလုပ်ကိုင်လာပါတယ်။သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ရှိသလို ရိုက်ကူးနေဆဲဇာတ်ကားတွေလည်းရှိပါတယ်။ပရိတ်သတ်ကလည်း သူရဲ့ဇာတ်ကားတွေကို အားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။အခုဆိုရင် ဒေါင်းက နှုတ်ခမ်းနီမလေးတွေကို ရင်ခုန်သွားအောင် chocolate ကြီးကိုကိုင်ပြီး ဖေဖော်ဝါရီ ၁၄အတွက် အကြို ရင်ခုန်အောင် လုပ်လိုက်ပါတယ်နော်။chocolateကြီးကိုကိုင်ပြီး စွဲဆောင်မှုရှိတဲ့အကြည့်တွေနဲ့ ပြုစားနေတဲ့ ဒေါင်းရဲ့ ပုံရိပ်တွေကိုမျှဝေလိုက်ပါတယ်နော်။

Source:Daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။