ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်အနုပညာလောကမှာ မင်းသားချောဟိန်းဝေယံနဲ့ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောအေးဝတ်ရည်သောင်းကတော့ အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာခဲ့တဲ့ အနုပညာရှင်တွေပါပဲ..။

နယ်ပယ်အသီးသီးကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ မင်းသားချောဟိန်းဝေယံနဲ့ မအေးသောင်းတို့ကတော့ အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း "ရင်ခွင်ရှင်းတမ်း"ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း မအေးသောင်းလေးက မျှဝေထားပါသေးတယ်..။

ဇာတ်ကားထဲမှာတော့ ဂျစ်ကန်ကန်ကောင်လေး ဖိုးသားနဲ့ စံဝတီတို့အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အသက်ကြီးမှ ချစ်မိသွားလို့ ပိုပြီးနာကျင်ရတဲ့အကြောင်းလေးကိုလည်း သူမကပြောပြထားပါသေးတယ်..။

"အသက်ကြီးမှ ချစ်မိရင် ပိုအသဲကွဲတယ်။

ငယ်ငယ်က စိတ်ကပြောင်းလဲတာ မြန်တယ်။

ကြီးလာရင် အသေးစိတ်

မှတ်မိတတ်တာ ဂရုစိုက်တတ်တာတွေ

လွယ်လွယ်နဲ့မမေ့တတ်တာတွေကြောင့်

ပိုနာကျင်ရတယ်။

ဟာာ "မမ" ချစ်မိသွားပြီ.." ဆိုပြီး ရိုက်ကွင်းပေါ်က ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတာပဲ ဖြစ်ပါတယ်..။

ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ ရုပ်သံဇာတ်လမ်းတွဲလေးဖြစ်တဲ့ "ရင်ခွင်ရှင်းတမ်း" ဇာတ်ကားလေးကို ရင်ခုန်စွာ စောင့်မျှော်နေကြတာမို့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဟိန်းဝေယံ၊ အေးသောင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။