ဝါရင့်အဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ အဆိုတော်ဂရေဟမ်ကတော့ သူ့ရဲ့ ဂီတမျိုးဆက်သစ်လေးဖြစ်တဲ့ သမီးချောလေး ပန်းရောင်ခြယ်ကို ဂီတအမွေနစ်ပေးနိုင်ခဲ့ပြီး ဖေဖေနဲ့ သမီး ဝါသနာတူ ဂီတတွေကို အတူတူလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပန်းရောင်ခြယ်လေးကတော့ အဆိုတော်ဂရေဟမ်ရဲ့ သမီးနှစ်ယောက်ထဲက အကြီးဆုံး သမီးလေးဖြစ်ပြီး အငယ်လေးကတော့ ပန်းသွန်းခြယ်ဖြစ်ပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ် ညီအမနှစ်ယောက်ကို မွေးခုနှစ်မတူညီပေမဲ့ ထူးထူးခြားခြား မွေးလ၊မွေးရက် တနေ့ထဲမှာ မွေးဖွားခဲ့ပြီး မကြာသေးခင်ကမှ ပန်းရောင်ခြယ်က (၂၃)နှစ်၊ ပန်းသွန်းခြယ်က (၁၈)နှစ် ပြည့်ခဲ့တာဖြစ်ပါတယ်။ အငယ်နဲ့အကြီးဆိုပေမဲ့ ရွယ်တူလေးလို ထင်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဒီညီအမနှစ်ယောက်လုံးဟာ ဖေဖေ ဖြစ်သူ ဦး ဂရေဟမ်ရဲ့ အသည်းနှလုံးဆိုင်လေးတွေဖြစ်ပါတယ်။

မင်းသား ဒေါင်းနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့"Let Me go "ဆိုတဲ့ အမိုက်စားMTV သီချင်းလေးထွက်ရှိထားတဲ့ ပန်းရောင်ခြယ်ဟာ လူငယ်ဆန်ဆန် Fancy သီချင်းချိုချိုလေးတွေအဆိုများပြီး အားပေးမှုအခိုင်အမာရရှိထားတာ့ဖြစ်ပါတယ်။မကြာသေးခင်ကမှ အသက်(၂၃)နှစ်ပြည့်ခဲ့တဲ့ ပန်းရောင်ခြယ်ဟာ တနေ့တခြား လူကြီးဆန် လှပလာသလို နေရောင်ခြည်နွေးနွေးလေးအောက်မှာ ရင့်ကျက်တည်ငြိမ်စွာလှပနေတဲ့ သူမရဲ့ပုံရိပ်တွေကို ဖော်လိုက်ရပါတယ်။

source: pan taung chel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။