ပြည်သူပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေးကတော့ ရွှေမှုံရတီပဲဖြစ်ပါတယ်။အချေမင်းသမီးလို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ရွှေမှုံလေးကတော့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ သွက်လက်ချက်ချာမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။

မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အခုဆိုရင် အိမ်ထောင်ရှင်မလေးအဖြစ် ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ရွှေမှုန်လေးကတော့ အခုဆိုရင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဇနီးမောင်နှံဘဝလေးမှာ ပျော်ရွှင်လို့နေတာလည်းဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ အမြဲလိုလို ရိုမန့်တစ်ဆန်ဆန်လေးတွေလုပ်ပေးရင်း လွတ်လပ်ပျော်ရွှင်နေကြတာလည်း တွေ့ရပါတယ်။

ပရိသတ်တွေကတော့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံကို ရွှေနှစ်ရွှေစုံတွဲလို့ ချစ်နိးနဲ့ ခေါ်ဝေါ်နေကြပါတယ်။ ရွှေထူးတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်မှု နာလည်းမှု အပြည့်နဲ့ အချစ်တွေခိုင်မြဲနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သူတို့ ဇနီးမောင်နှံဟာ ကမ်းခြေကိုအပန်းဖြေရောက်ရှိနေတာဖြစ်ပြီး ရိုမန့်တစ်ဆန်ဆန်ပုံလေးတွေနဲ့ လန်းနေတာဖြစ်ပါတယ်။ပုံလေးတွေထဲမှာ ရွှေမှုန်လေးကောရွှေထူးကော အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။