"နုတ်မဆက်ချင်ဘူး"ဆိုတဲ့ သီချင်းလေးမှာ Rapping အတူတူပါဝင်သီဆိုပေးခဲ့ရာကနေ အရည်အချင်းရှိတဲ့ ဒီHip Hop အဆိုတော်စုံတွဲလေးကို လူသိများလာခဲ့ပြီး " ခုန်လိုက်" သီချင်းမှာလည်း အပေးအယူညီညီမျမျှနဲ့ အရမ်းကို ပေါက်ခဲ့ပြန်တယ်။နောက်ပိုင်းမှာတော့ "ဒုံးပျံ" ဆိုတဲ့ နှစ်ဦးပေါင်း အခွေလေး ထွက်ရှိခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုးအားပေးခြင်းခံခဲ့ရသလို အနုပညာဂီတလောကမှာနေရာတစ်ခုရရှိခဲ့ပြီး ယနေ့တိုင် အောင်မြင်နေဆဲဖြစ်ပါတယ်။

ဝါသနာတူ၊ ဓာတ်တူ ဂီတနဲ့ အနုပညာအလုပ်တွေကိုပါ အတူတူလုပ်ဆောင်လာတဲ့ လွှမ်းပိုင် နဲ့ B.sox တို့ရဲ့ ချစ်သူသက်တမ်းဟာ လက်ရှိမှာ (၁၀)နှစ်ဝန်းကျင် ရှိလာခဲ့ပြီးဖြစ်ပြီး ချစ်သူသက်တမ်းတစ်လျှောက်မှာ ကတောက်ကဆ ဖြစ်လို့ မီဒီယာတွေနဲ့ ဖြေရှင်းရတာမျိုး တစ်ခါမှမရှိဖူးပဲ အရမ်းကိုအေးချမ်းတဲ့ အနုပညာရှင်စုံတွဲလေးလို့ ဆိုရမှာပါ။ ဒီလိုအချိန်တွေအကြာကြီး အေးအေးချမ်းချမ်းနဲ့ လက်တွဲလာနိုင်တာဟာ တကယ့်ကိုချီးကျူးစရာဖြစ်သလို စုံတွဲတိုင်းစံပြထားသင့်တဲ့ ချစ်သူသက်တမ်းအရှည်ကြာဆုံးစုံတွဲလေးလည်းဖြစ်ပါတယ်။

မိတ်ဆွေဖြစ်တဲ့ အဆိုတော် အာဘွိုင်းကတော့ သူတို့နှစ်ဦးကို လက်ထပ်စေချင်ပြီဖြစ်ကြောင်း ဆိုထားသလို လက်ရှိမှာ လွှမ်းပိုင်ကတော့ " ကြွေ"၊ "ကိုယ်စောင့်နတ် "နဲ့"ငါ့ကိုနမ်းတဲ့မုန်တိုင်း"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီး (၃)ကားမှာ အဓိကဇာတ်ဆောင်မင်းသားနေရာက ရိုက်ကူးဖြစ်နေပြီး B.soxကတော့ ရုပ်ရှင်လုံးဝရိုက်ဖြစ်မှာမဟုတ်ပါဘူး လို့ ဆိုပါတယ်။လတ်တလောမှာတော့ သူတို့စုံတွဲလေးရဲ့ နှစ်ယောက်ပေါင်း Fashion Shop ဆိုင်လေးဖြစ်တဲ့ High Skool ရဲ့ ဖက်ရှင်လ်ဆိုင်ကြော်ငြာလေးကို ကိုယ်တိုင်ရိုက်ကူးပေးထားတဲ့ ပုံလေးတွေနဲ့ အတူ ချစ်ဖို့ကောင်းတဲ့ သူတို့ စုံတွဲလေးကိုဖော်ပြလိုက်ရပါတယ်။

source: Htet htet aung,Kan Su Ho photo credit , Hlean paing; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။