သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ သူမချစ်ရတဲ့ သူငယ်ချင်းလေးတွေနဲ့အတူ ကော့သောင်းကို အပန်းဖြေခရီးထွက်နေတာ ဖြစ်ပါတယ် ။ ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ချစ်သက်က အလုပ်အားလပ်ချိန်လေးမှာတော့ သူမရဲ့ BFF အဖွဲ့လေးနဲ့အတူ ဒုတိယမြောက်ခရီးလေးကို စတင်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ခရီးစတင်ထွက်ခွာခဲ့တဲ့ ချစ်သက်တို့အဖွဲ့လေးက ကော့သောင်းက ကျွန်းလေးမှာ စိတ်ကြိုက်အနားယူခဲ့ကြပါတယ်။

ဟန်းနီးမွန်းကျွန်းလေးလို့ အမည်ပေးထားတဲ့ အလှဆုံးကျွန်းလေးမှာတော့ ချစ်သက်၊ခင်လေးနွယ်၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင် ၊ ဒီဇိုင်နာမပုံ့နဲ့ သူငယ်ချင်းတစ်စုက ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖုန်းလိုင်းမမိတဲ့ ဟန်းနီးမွန်းကျွန်းလေးကို ရောက်ရှိခဲ့တဲ့ ချစ်သက်ကတော့ သူငယ်ချင်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝခံစားခဲ့တဲ့အပြင် သာယာလှပတဲ့ သဘာဝအလှတရားတွေကိုလည်း တစ်ဝကြီးရှုစားခဲ့ပါတယ်။ အခုလည်း ချစ်သက်က သူမမြင်တွေ့ခဲ့ရတဲ့ နေဝင်ချိန်အလှတရားတွေကို မျှဝေထားပါတယ်။

ချစ်သက်က ''လိုင်းမမိ ဖုန်းမမိတဲ့နေရာမှာ BFF တွေနဲ့ ပျောက်ချက်သားကောင်းနေတာ (အဲ့အရသာ အသေပျော်ဖို့ကောင်းတယ်..)ကိုယ်မြင်တာလေးတွေ မြန်မာနိုင်ငံက အလှလေးတွေ မျှဝေသွားမယ်နော်။ ဒါလေးတွေက ခုညနေက ကိုယ်ထိတွေ့ခံစားရတဲ့ ကော့သောင်းမြို့က sunset လေးတွေပေါ့ '' ဆိုပြီး သူမရဲ့အတွေ့အကြုံတွေကို ပြောပြထားပါတယ်။ ချစ်သက်တို့သူငယ်ချင်းတစ်စုကတော့ လှပတဲ့ကျွန်းလေးပေါ်မှာ အမိုက်စားဖက်ရှင်တွေနဲ့ အလှဆုံးဓာတ်ပုံလေးတွေကို ဖန်တီးခဲ့ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သက်မွန်မြင့်တို့သူငယ်ချင်းတစ်စုရဲ့ ပျော်ရွှင်စရာ ခရီးစဉ်လေးက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thet Mon Myint & BFf;

Photo:credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။