ပရိသတ်ကြီးရေ single mother တစ်ယောက်လို့တောင်မထင်ရဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ သရုပ်ဆောင်မော်ဒယ်လ်လုလုအောင်ကိုသိကြမယ်ထင်ပါတယ်နော်။ ခေးကြီးလုလုအောင်လို့ ပရိသတ်အများအပြားကတင်စားခေါ်ဝေါ်လောက်ရအောင် အရွယ်တင်နုပျိုနေတာကို ပရိသတ်ကြီးတို့အနေနဲ့ တစ်ဝကြီး ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။ သူမဟာဆိုရင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး သူမရဲ့တစ်ဦးတည်းသောချစ်သမီးလေးကို လူပုံအလယ်မှာရဲဝင့်စာပြုစုပျိုးထောင်နေတာကို ပရိသတ်ကြီးအနေနဲ့ ချီးကျုးလေးစားကြရမှာဖြစ်ပါတယ်။ 

သူမရဲ့ အနုပညာလှုပ်ရှားတွေကတော့ ကြော်ငြာလေးတွေနဲ့ Photo Shooting အချို့ ရိုက်ကူးနေတာ တွေ့ရပါတယ်။ Mtv သီချင်းအမိုက်စားလေးတွေကိုလည်းရိုက်ကူးထားတာကို ပရိသတ်ကြီးတို့ ရင်သက်ရှုမောဖွယ်တွေ့မြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ သူမရဲ့ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တင်မက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာပဲဖြစ်ပါတယ်။ 

ခေးလုလုကတော့ ပရိသတ်ကြီးနဲ့ အမြဲအဆက်အသွယ်မပြတ်အောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွကို သူမရဲ့ ဆွဲဆောင်မှုရှိလှသော အလှပုံရိပ်တွေနဲ့တကွ အမြဲတင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း "မီရာဆဲဖီလေး ပို့လက်မယ်နော်မောင်ရေ" ဆိုတဲ့ ပုရိသယောကျာ်းလေးတို့ရဲ့ရင်ကိုတလှပ်လှပ်ဖြစ်သွားစေတဲ့ ချိုမြိန်တဲ့စာသားလေးနဲ့ အတူ မှန်သားပေါ်မှာ ပုံရိပ်ထင်နေတဲ့ သူမတူအောင် ချစ်ဖို့ကောင်းတဲ့ အလှပုံရိပ်လေးကို Myanmarload ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

source Lulu aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။