အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရှင် သက်မွန်မြင့်

အကယ်ဒမီပွဲဆိုတာ မြန်မာနိုင်ငံရဲ့ အနုပညာရှင်များနဲ့ပတ်သတ်ပြီး ကျင်းပတဲ့ အကြီးမားဆုံးပွဲတစ်ခုဖြစ်သလို အနုပညာရှင်များအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဆိုလည်းမမှားပါဘူး။

တစ်နှစ်အတွင်း ဖန်တီးခဲ့ကြတဲ့ အနုပညာတွေ ရုပ်ရှင်ဇာတ်ကားတွေကို အကဲဖြတ်အမှတ်ပေးစိစစ်ပြီး အကောင်းဆုံး အနုပညာရှင်တွေ အမှန်တကယ် စစ်မှန်ထိုက်တန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အမျိုးသား ဇာတ်ဆောင် ဇာတ်ပို့ဆု အမျိုးသမီး ဇာတ်ဆောင် ဇာတ်ပို့ဆု တွေဟာ ပရိသတ်များကြား အထူးရေပန်းစားပါတယ်။ လတ်တတော အကယ်ဒမီ သတင်းအရတော့ အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီသက်မွန်မြင့်မှ ဒုတိယမြောက် အကယ်ဒမီအဖြစ် လက်ခံရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "ချစ်လှစွာသော အမုန်း" ဖြစ်ပါတယ် ပရိသတ်ကြီးရေ……

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။