ပရိတ်သတ်တွေရဲ့ အချစ်တော် မြင့်မြတ်ကတော့ ဖခင်ရာထူးတိုးသွားပြီဖြစ်ပါတယ် ပရိတ်သတ်တွေက ဖေဖေကော သားသားလေးကိုပါ ယခင်ထက် ပိုမိုချစ်ခင်အားပေးလာတာလည်းတွေ့ရပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် နာမည်ကျော်ကြားလူကြိုက်များ အောင်မြင်လာခြင်းဖြစ်ပါတယ်။သူရဲ့ ဇာတ်ကားတွေမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့ဟာလည်း ပရိတ်သတ်တွေကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

မြင့်မြတ်ကတော့ အနုပညာလှုပ်ရှားမူများသာမက နောက်ပိုင်းမှာ သားလေးရဲ့ ပုံရိပ်လေးတွေကိုပါ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း ငပလီကို ရိုက်ကူးရေးအတွက် ရောက်ရှိနေတာဖြစ်ပြီး ကမ်းခြေထက်မှာ လင်းလင်း မထက်တို့နဲ့ အတူ လန်းနေတဲ့အမှတ်တရပုံရိပ်တွေကို ဖော်ပြထားတာတွေ့ရပါတယ်။မြင့်မြတ်ရဲ့ ရုပ်ရှင် ဇာတ်ကားတွေကလည်း ဇာတ်တိုက်ဆိုသလို ရုံတင်ပြသနေတာဖြစ်ပြီး ဇာတ်ကားတိုင်း ပရိတ်သတ်တွေ နှစ်ခြိုက်အားပေးကြတာလည်းတွေ့ရပါတယ်။

မြင့်မြတ်ကတော့ သားလေးရဲ့ ချစ်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေကိုလည်း သူရဲ့ အကောင့်မှာ မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ပရိတ်သတ်တွေက မြင့်မြတ်ပါမက သားသားလေးကိုပါ ဝိုင်းဝန်းချစ်ခင်ကြတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်တွေတွက် မြင့်မြတ် ရဲ့ ကမ်းခြေကအမှတ်တရ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Source:Linn lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။