Miss Universe Myanmar 2013 ဆုရှင်ဖြစ်တဲ့ မိုးစက်ဝိုင်ကိုပရိသတ်ကြီးအနေနဲ့ သိကြမယ်ထင်ပါတယ်။ နိုင်ငံံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် အနုပညာလောကကို ဝင်ရောက်လာခဲ့တဲ့သူမဟာဆိုရင် အောင်မြင်မှုတွေများစွာရရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်များစွာကိုသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ 

သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတဲ့ သူမဟာဆိုရင် " Myanmar's Heart - မြန်မာ့နှလုံးသား" ဆိုတဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့အစည်းကို တည်ထောင်သူ မင်းသမီးချောလေးတစ်ဦးလည်းဖြစ်ပါတယ်။ လူသားတိုင်းအပေါ် ရိုးသားဖြူစင်စွာချစ်ခင်ပေါင်းသင်းတဲ့ အတွက်ကြောင့် သူမရဲ့စိတ်ထားအလှဟာလည်း ရိုးရှင်းတဲ့သူမမျက်နှာပေါ်မှာပေါ်လွင်နေတာဖြစ်ပါတယ်။ 

သူမဟာဆိုရင် ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ တစ်နေ့တာလှုပ်ရှားမှုစတာတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင်အမြဲဖော်ပြလေ့ရှိတာပဲဖြစ်ပါတယ်။ နိုင်ငံတာကာစံချိန်မှီတဲ့ အရပ်ကလေးနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့သူမဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ပီပြင်စွာပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ငပလီကမ်းခြေမှာ ရိုက်ကူးထားတဲ့ သူမရဲ့ အလှပုံရိပ်တွေနဲ့အတူ "ကျမပင်လယ်ကြီးကိုချစ်ပါတယ်၊ သဘာဝတရားကို ရင်နှင့် ခံစားပျော်ရွှင်တတ်ပါတယ်" ဆိုတဲ့ ရိုးသွားပွင့်လင်းပြီးသဘာဝကြီးကိုချစ်မြတ်နိုးတဲ့အကြောင်း ရေးသားဖော်ပြထားတာကို myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Moeset Wine  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။