ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင် လွင်မိုးရဲ့ သမီးချောလေးတွေဖြစ်တဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးတို့ ညီအစ်မနှစ်ယောက်ကတော့ လက်ရှိမှာလည်း ကြော်ငြာလေးတွေကို အတူရိုက်ကူးနေဆဲ ဖြစ်ပါတယ် ။ အရမ်းကိုချစ်စရာကောင်းတဲ့ သူမတို့ညီအစ်မနှစ်ယောက်ကတော့ အဖေချော၊ အမေချောက မွေးဖွားထားတဲ့ သမီးလိမ္မာလေးတွေလည်း ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးတို့သားအမိသုံးယောက်က စင်ကာပူနိုင်ငံကို အလည်အပတ်ခရီး ထွက်နေတာ တွေ့ရပါတယ်။ သူမတို့သားအမိ သုံးယောက်ကတော့ အခုလိုပိတ်ရက်မှာ Shopping ထွက်ရင်း စင်ကာပူနိုင်ငံအနှံ့ အပန်းဖြေနေကြတာလည်း ဖြစ်ပါတယ်။ ရုပ်ချင်းဆင်ကြတဲ့ ယွန်းတို့သားအမိရဲ့ ပုံရိပ်လေးတွေကတော့ အရမ်းကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။

အခုလည်း ယွန်းက သူမတို့သားအမိရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှထားပါတယ်။ ကိုယ်စီအလှတစ်မျိုးစီနဲ့ မြင်သူငေးအောင် လှနေကြတဲ့ ယွန်းတို့သားအမိကတော့ စိတ်တူကိုယ်တူနဲ့ စိတ်ကြိုက်ဈေးဝယ်ထွက်နေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးတို့သားအမိသုံးယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: maythu ,Yunwaddy & Yunnadylm;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။