"မင်းတစ်ယောက်တည်းကိုပဲ ရင်တွေကွဲအောင် ချစ်ခဲ့ပြီးပြီပဲ၊ဘာလိုသေးလဲ " ဆိုတဲ့ "ဘာလိုသေးလဲ" သီချင်းခွေ လေးထွက်ရှိခဲ့တဲ့ တစ်ချိန်က မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးမိန်းကလေးအဆိုတော်အဖွဲ့လေး "No "ကိုမှတ်မိကြဦးမှာပါ။ No အဖွဲ့ဝင်ထဲက အဆိုတော်မလေးတွေဖြစ်ကြတဲ့ ရည်မွန်၊ သဇင်၊ ရတနာဆိုတဲ့ အသံချိုချိုပိုင်ရှင်ဘေးတွေကို မှတ်မိကြဦးမယ်ဆိုသလို သဇင်ကတော့ အိမ်ထောင်ကျသွားခဲ့တာ နှစ်အနည်းလောက်ရှိခဲ့ပါပြီ။

အဆိုတော် တစ်ယောက်လည်း ဖြစ်သလို လက်ရှိမှာ မိတ်ကပ်ပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ သဇင်ဟာ သူမရဲ့ မိတ်ကပ်ပညာကိုပြန်လည်သင်တန်းပေးပို့ချနေတဲ့ ဆရာမတစ်ယောက်လည်းဖြစ်ပြီး အရင်လို သီချင်းတွေမလုပ်ဖြစ်တော့ပေမဲ့ ကြော်ငြာနဲ့အနုပညာပညာအလုပ်တွေကိုတော့ လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက် ခင်ပွန်းသည်ရှိရာ ပြည်ပကိုသွားရောက်နေထိုင်ပြီး မကြာခဏဆိုသလို မြန်မာနိုင်ငံကိုလည်း အလည်လာရောက်တတ်ပါတယ်။

သူမရဲ့ ဘဝမှာ ပထမဦးဆုံး ကိုယ်ပိုင်မိသားစုလေးကို ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်တဲ့ သဇင်ဟာ သူမရဲ့ ကိုယ်ပွားလေးဖြစ်တဲ့ သားဦးလေးကို မကြာသေးခင်ကပဲ မွေးဖွားခဲ့ပါတယ်။ရက်သား၊ လပိုင်းအရွယ်လေးသာ ရှိသေးတဲ့ သားဦးလေးနဲ့အတူ သူမရဲ့ ပထမဆုံး မိသားစု ဓာတ်ပုံလေးကို ပရိသတ်တွေကိုချပြလိုက်ပြီး အရမ်းကို ချစ်စရာကောင်းတဲ့ အမေတူ သားသားလေးအတွက် ဂုဏ်ပြုစကားများဆိုသွားကြပါဦးနော်။

source: Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။