တစ်ချိန်က မော်ဒယ်လ်လောကမှာ အရပ်မြင့်မြင့်၊ဘိုဆန်ဆန် မျက်နာကျနဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ မော်ဒယ်လ်မလေးတစ်ယောက်အဖြစ်ကနေ ထိပ်တန်းသရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တဲ့ထိ အောင်မြင်မှုရရှိခဲ့သူဖြစ်ပါတယ်။ ထိပ်တန်းသရုပ်ဆောင်မင်းသမီး တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အကယ်ဒမီမင်းသမီးဆု ဆွတ်ခူးသည်ထိ အောင်မြင်ခဲ့ပြီး သူမချစ်တဲ့သူနဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေကျဲသွားခဲ့ပါတယ်။

အိမ်ထောင်ကျပြီးတဲ့နောက် မယ်လိုဒီတစ်ယောက် ချစ်စရာကောင်းလွန်းတဲ့ သားချော၊ သားဦးလေးကို မွေးဖွားခဲ့ပြီး သားလေးနာမည်ကတော့ သိန္ဒိစစ်ဖြစ်ပါတယ်။ တနေ့မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးလို ဝိုင်းဝိုင်းလည် လူချောလေးတစ်ယောက်ဖြစ်လာဦးမဲ့ သိန္ဒိစစ်လေးကြောင့် မယ်လိုဒီကို မေမေ ခေါ်သူ ချွေးမလောင်းလေးတွေက ခုကတည်းကဝိုင်းဝိုင်းလည် လို့နေပါတယ်။

သားရှင်ဖြစ်တဲ့ မေမေ မယ်လိုဒီ ခများ သားလေးကြောင့် မျက်နာပွင့်ရသလို ချစ်စရာကောင်းလွန်းတဲ့ သားလေးရဲ့ ဘဝတစ်ခုလုံးကို ထိန်းကျောင်းပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောပ်ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ဆိုလာပါတယ်။ သူမ သားလေးနဲ့ ပတ်သက်တဲ့ ခံစားချက်တချို့ ကို "မင်္ဂလာရှိသော စနေနေ့သားသားကို Zoo လိုက်ပို့ပါတယ်ရှင်အကောင်လေးတွေ သိပ်မစုံပေမယ့် ကလေးတွေကတော့ ပျော်ကြပါတယ်။ကျားလေးတွေ မပိန်လို့ဝမ်းသာမိပါတယ်။စီနီယာအစ်မတွေဆီကနေမိခင်ကောင်းပီသအောင်အမြဲသင်ယူနေပါတယ်။သားသားပျော်ရင် မေမေကြည်နူးပါတယ်။(၇)ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်" လို့ ဆိုလိုက်ပြီး အားလပ်ရက် စနေနေ့လေးမှာ သားသားနဲ့ မေမေ တိရစ္ဆာန်ရုံအလည်အပတ်သွားတဲ့ ပုံလေးတွေနဲ့ အတူ ဖော်ပြလိုက်ရပါတယ်။

source: Melody Myo ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။