ပရိတ်သတ်ကြီးရေ တစ်ခေတ်တုန်းက ဆံနွယ်အရှည်ကြီးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေးဆုပန်ထွာကတော့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကတည်းက တစ်စိုက်မက်မက်လုပ်ဆောင်လာခဲ့တဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။ဆုပန်ထွာက ဇာတ်ကားတွေများစွာမှာ အိုင်တင်ကောင်းကောင်းနဲ့ သရုပ်ဆောင်တဲ့မင်းသမီးလေးဖြစ်လို့ ပရိတ်သတ်တွေက သူမရဲ့ ဇာတ်ကားများကို အားပေးကြပါတယ်။ဆုပန်ထွာက ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး မိတ်ဆွေသူငယ်ချင်းတွေလည်းပေါများပါတယ်။

ဆုပန်ထွာက သူမချစ်တဲ့သူနဲ့ အိမ်ထောင်ကျပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာလှုပ်ရှားခဲ့ပါတယ်။သူမရဲ့အိမ်ထောင်ရေးလေးကလည်း ခင်ပွန်းဖြစ်သူကအရမ်းချစ်ပြီးအလိုလိုက်တဲ့သူဖြစ်လို့ အိမ်ထောင်ရေးလည်းကံကောင်းပါတယ်နော်။သာယာအေးချမ်းပြီးနားလည်မှုတွေနဲ့ရှေ့ဆက်နေတဲ့ သူတို့ဇနီးမောင်နှံမှာ အခုဆိုရင် သားသားလေးတစ်ယောက်ကိုမွေးဖွားထားပြီဖြစ်ပါတယ်။သားလေးရဲ့အိမ်နာမည်ကို Roar Roar လေးလို့ပေးထားပြီးRoarလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

Roarလေးက အခုဆိုရင်သိတတ်နားလည်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ မေမေရဲ့အိမ်မှုကိစ္စတွေကိုလည်း လုပ်ကူနေပြီး သူ့ရဲ့တစ်ကိုယ်ရေအလုပ်လေးတွေကိုလည်း ကိုယ်တိုင်လုပ်နေတာပါနော်။မေမေ့ရဲ့သင်ကြားမှုတွေအောက်မှာroarလေးက ကုသိုလ်ရေးတွေကိုလည်းလုပ်တတ်ပြီး စိတ်သဘောထားလေးနူးညံ့တဲ့ကလေးလေးတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင် မေမေနဲ့အတူ ကြက်ဖခွပ်တဲ့ကဗျာလေးကို ရွတ်ပြီး အောက်အီးအီးအွတ်လို့အော်ကာ မေမေ့ကိုကြက်ဖခွပ်ပြနေပါတယ်နော်။Roarလေးရဲ့ ချစ်စရာ ကြက်ဖခွပ်နေတဲ့ videoလေးကိုမျှဝေလိုက်ပါတယ်နော်။

Source:Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။