Cristiano Ronaldo ဟာ Serie Aမှာ Chievo နဲ့ရင်ဆိုင်ရမဲ့ပွဲအတွက် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါတယ်။ Juventus ဟာဆိုရင် ၁၇ပွဲကန်ကာ ရှုံးပွဲမရှိ သရေပွဲ၂ပွဲသာရှိနေခဲ့ပြီး ၁၅ပွဲနိုင်ကာ ထိပ်ဆုံးမှာ အဆင့်၁ ချိတ်နေပါတယ်။ Ronaldoဟာ သူရောက်တဲ့အချိန်ကစပြီး ဒီနေ့ချိန်ထိ ၁၅ဂိုးနဲ့ ဂိုးဖန်တီမှု၇လုံးရှိခဲ့ကာ သူရဲ့ကိုယ်ပိုင် နံပါတ်လိုမျိုးပဲ ဂိုးဖန်တီးမှုရရှိထားပါတယ်။ ခုဆိုရင်ဖြင့် Juventusဟာဆို Serie A ရဲ့အောက်ဆုံးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Chievo ဟာဆိုရင်တော့ ၁ပွဲနိုင် ၈ပွဲသရေနဲ့ ၁၀ပွဲရှံးကာ ရမှတ်၈မှတ်နဲ့သာ အောက်ဆုံးမှာရပ်တည်နေပါတယ်။ အသင်းနှစ်သင်းဟာ မမျှပေမဲ့လဲ ဘောလုံးဆိုတာ ပြောလို့မရပါဘူး....အမြဲလိုလို အံသြစရာတွေနဲ့ပြည့်နှက်နေတာမို့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ Ronaldo ဟာလဲ ဒီပွဲအတွက်အဆင့်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။ Juventus ဆိုသည်မှာလဲ တော်ရုံတန်ရုံ အသင်းမဟုတ်ပဲ....Realတို့ ဘာစီတို့နဲ့တောင် ယှဉ်နိုင်တဲ့အသင်းပါ။ 

Juventusဟာ 17ရက်နေ့က Super Cupမှာ Ac Milan နဲ့ရင်ဆိုင်ယှဉ်ပြိုင်ကာ Ronaldoရဲ့ ၁လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Ronaldo ဆိုသည်မှာလဲ ဘယ်အသင်းရောက်ရောက် ခြေစွမ်းမပျောက်တဲ့ကစားသမာပါပဲ။ သူဟာလွန်ခဲ့တဲ့ လအနည်းငယ်တုန်းက Messi ကိုလဲ Serie A ကိုလာရောက်ကစားစေချင်ခဲ့ပါတယ်။ ဘာလို့ဆို စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်တွေ့ချင်လိုပဲဖြစ်ကာ သူဆိုလဲ အဲ့လိုစိန်ခေါ်မှုတွေကိုလက်ခံကာ Serie A အသင်းဖြစ်တဲ့ Juventus မှာကစားနေတာပဲဖြစ်ပါတယ်။ Chievo နဲ့ပွဲကတော့ ၂၂ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။