မန်ယူကွင်းလယ်ကစားသမား Fred ဟာဆိုရင်တော့ဖြင့် ခုချိန်မှာ ကလေးအဖေတစ်ယောက်ဖြစ်သွားပါပြီး။ ဗုဒ္ဓဟူးနေ့က သူမိန်းမဖြစ်တဲ့ Monique Salum က ကလေးလေးကိုမွေးထုတ်ခဲ့ကာ နာမည်ကတော့ Benjamin လို့မှည့်ထားပါတယ်။ အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား Fredဟာ သူသားမွေးဖွားလာပြီးနောက် မိသားစုဓာတ်ပုံလေးရိုက်ကာ Instagram ပေါ်တင်ခဲ့ပါတယ်။ သူရဲ့မိသားစုဓာတ်ပုံလေးကိုကြည့်ချင်းအားဖြင့် ချစ်ခြင်းတွေ ဝေမျှနေတယ်ဆိုတာကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

" 16/01/2019....1:13မှာ ကျွန်ုပ်ရဲ့ အကြီးမားဆုံး ရတနာမွေးထုတ်နိုင်ခဲ့ပါတယ် " ဆိုပြီး စာနှင်တကွ အဲ့မိသားစုပုံလေးကိုတင်ခဲ့ပါတယ်။ " ကလေးတစ်ယောက်မွေးလာတဲ့အခါ.....မွေးထုတ်တဲ့မိဘတွေရဲ့နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေက ဘဝထက်ပိုပြီး....အချိန်ထက်ပိုပြီ ထာဝရဖြစ်တက်သွားကြတယ် "......" ကမ္ဘာကြီးမှ ကြိုဆိုပါတယ် ချစ်ရသောကလေးလေး Benjaminရေ...သားလေးကို ဦးတို့အရမ်းချစ်ပါတယ် .... " လို့ မန်ယူကစားသမား Lukaku နဲ့ Pogba တို့ကဆုတောင်းစကားပြောခဲ့ပါတယ်။

Lukaku ရဲ့ချစ်သူ Sarah Mens ဟာဆိုရင် Christmas မတိုင်ခင်မှာ သားလေး Romeo ကိုမွေးခဲ့ပါတယ်။ ထို့နောက် Pogba ရဲ့ မိန်းမဖြစ်သူ Maria Salaues လဲ New Year မတိုင်ခင်မှာ သူတို့ရဲ့ပထမဆုံးကလေးကို မွေးခဲ့ပါတယ်။ မန်ယူကွင်းလယ်ကစားသမား Nemanja Matic ဟာလဲ သူရဲ့ဇနီး Aleksandra က Londonမှာ Anikaကိုမွေးတော့ ၃ကြိမ်မြောက်အဖေဖြစ်ခဲ့ပါတယ်။ နောက်ထပ်မံပြီးတော့ Victor Lindelof...Chris Smalling နဲ့ Matteo Darmian တို့ကလဲ သူတို့ရဲ့ကလေးတွေကို ကြိုဆိုဖို့အဆင့်သင့်ရှိနေပါတယ်။ Old Trafford ကွင်းရဲ့ ကလေးတွေ မန်ယူရဲ့ အနာဂါတ်ကလေးတွေ တစ်ချိန်ကြ ဖြစ်လာတော့မှာပါပဲ။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။