မြန်မာနိုင်ငံက တိုင်းရင်းသူ၊တိုင်းရင်းသားတွေအများစုဟာ သိပ်ကိုစိတ်သဘောထားရိုးသားဖြူစင်ပြီး ကူညီတတ်ကြသလို အထူးသဖြင့် တိုင်းရင်းသားအများစုဟာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပီအောင်မပြောနိုင်ပဲ မပီကလာပီကလာပြောပုံလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။အွန်လိုင်း ဆယ်လီမမလို့ ခေါ်ဆိုကြတဲ့ အောင်မြေသာစံ၊ မြစ်ဆုံက "သံယောဇဉ် "စားသောက်ဆိုင်ပိုင်ရှင် ကချင်လူမျိုး တိုင်းရင်းသူ အန်တီကြီးဟာ သူမရဲ့ မပီပြင်တဲ့ စကားလုံး၊ စကားအသုံးအနှုန်းအလွဲလေးတွေကြောင့် ပရိသတ်တော်တော်များများကို သဘောကျနှစ်သက်ရယ်မောစေနိုင်ခဲ့ပြီး သူမကို ချစ်တဲ့ ပရိသတ်တွေတောင် အခိုင်အမာရရှိခဲ့သလို မေခ၊မလိခ မြစ်ဆုံထိသွားလည်ပြီး သူမကိုသွားရောက်တွေ့ဆုံခဲ့ကြသူတွေလည်းရှိကြပါတယ်။

သူမမှာ ကလေး(၉)ယောက်ရှိပြီး သားသမီး(၉)ယောက်အတွက် စားသောက်ဆိုင်တဖက်နဲ့ စီးပွားပြုကာ စေတနာပါပါ ဈေးရောင်းရင်း ရိုးသားလွန်းတဲ့ အန်တီကြီးနဲ့ ဒါရိုက်တာ၊ အဆိုတော် ကချင်လူမျိုး ဖြစ်တဲ့ ဒေါင်လွဏ်းနဲ့လည်း အရမ်းကိုခင်မင်ခဲ့သလို သူမကိုဆိုင်ကို လာရောက်သူ ဧည့်သည်တိုင်းကို ဒေါင်လွဏ်းတို့လည်း လာရောက်စားသောက်ကြကြောင်းအမြဲပြောပြလေ့ရှိပါတယ်။ "ငါးလျှာ၊ ခွေးလျှာ၊ အမဲအစာအိမ်ရောဂါ၊ ဝက်တောင်ပံသုပ်" စသဖြင့် သူမဆိုင်မှာ ရရှိနိုင်တဲ့ ဟင်းလျာလေးတွေကို မြန်မာစကား အမှားယွင်းအလွဲလေးတွေနဲ့ ပြောပြရာက သူမကို တဖြေးဖြေးလူသိများလာခဲ့သလို စားသောက်ဆိုင်ပိုင်ရှင် ဆယ်လီမမ လို့လည်း ချစ်စနိုးခေါ်ဆိုကြပါတယ်။

လက်ရှိမှာတော့ လူကိုယ်တိုင်လည်း နာမည်ကြီး၊ ရောင်းအားလည်းတိုးလာပြီဖြစ်တဲ့ ဆယ်လီအန်တီမမကတော့ အဆိုတော် ဒေါင်လွဏ်းနဲ့အတူ အနုပညာအလုပ်တွေတောင်လုပ်ဆောင်နေပါပြီတဲ့နော်။ မြန်မာနိုင်ငံရဲ့နာမည်ကြီး ထုတ်ကုန်ဖြစ်တဲ့"ရွှေပြည်နန်း" သနပ်ခါးကြော်ငြာအတွက် အန်တီမမ ကပါ ပါဝင်ရိုက်ကူးပေးထားသလို နာမည်ကြီးပြီးရင်း ကြီးလာပြီဖြစ်တဲ့ အန်တီမမ အစား အရမ်းကို ပီတီဖျာ ပျော်ရွှင်ကြည်နူးရပါတယ်။

source: JZ Loom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။