မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး Female Hip hop အဆိုတော်တွေထဲက အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို ပရိသတ်များ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဟစ်ဟော့ဂီတအမျိုးအစား Rapping တွေကိုသာမက Pop နဲ့ R & B သီချင်းချိုချိုလေးတွေပါ ပိုင်နိုင်တဲ့ သူမရဲ့ သီချင်းတွေဟာ ပရိသတ်ကြားမှာ ရေပန်းစားခဲ့သလို လက်ရှိမှာတော့ စန္ဒီမြင့်လွင်တစ်ယောက် ဂီတအနုပညာအလုပ်တွေ အနည်းငယ်ခြေလှမ်းကျဲနေတယ်လို့ ဆိုရမှာပါ။

(၂၀၁၇)ခုနှစ်မှာ သူမအပေါ် အနွံတာခံပြီးချစ်တတ်လွန်းတဲ့ သူမရဲ့ လက်ရှိခင်ပွန်း ချစ်သူနဲ့ အိမ်ထောင်ပြုဖြစ်ခဲ့ပြီး အများက အားကျရတဲ့ အိမ်ထောင်ရေးနဲ့အတူ အိမ်ထောင်ရေးကံကောင်းတဲ့ အနုပညာရှင်အဆိုတော်တွေထဲကတစ်ဦးလို့ဆိုရမှာပါ။ အိမ်ထောင်သက်(၁)နှစ် ဝန်းကျင်အတွင်းမှာ လောလောလတ်လတ် ပူပူနွေးနွေး စုဘူးလေးပိုက်မိထားပြီးဖြစ်ပေမဲ့လည်း ကလေးလေးတွေကို ချစ်တတ်တဲ့ ဒီဒီးတစ်ယောက် အဆိုတော် ချစ်သုဝေရဲ့ အမြွာသမီးလေးတွေကိုလည်း လုချစ်နေရပါတယ်။

လက်ရှိမှာ ဒီဒီးရဲ့ ကိုယ်ဝန်ဟာ (၃)လသားအချိန်လေးသာရှိသေးပေမဲ့ ချစ်သုဝေကို အားကျမိသလို ခေတ်လေးနဲ့ သစ်လေးတို့လို သမီးအမြွာမျိုးလေး ရနိုင်မယ်ဆိုရင် ရချင်ကြောင်း ဆိုထားပြီး တီတီ ဒီဒီးခများ ပွေ့ချီသူများလွန်းတဲ့ ပြည်သူအသည်းကျော် ခေတ်၊ သစ် အမြွာလေးနဲ့အတူ ပွဲမှာတွေ့တုန်းလေးခဏတာအတွင်း ပွဲချိန်နောက်ဆုံးမှ ပုံအတူတူရိုက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ "ခုမှပဲ ဓာတ်ပုံရိုက်ရတော့တယ်။တလောကလုံးမှာ နောက်အကျဆုံး၊ ချစ်ဖို့ကောင်းတာ၊ ဒါမျိုးလေး မွေးချင်တယ်လို့ "ဆိုတဲ့ စာသားလေးနဲ့အတူ တီတီ ဒီဒီးတစ်ယောက် ခေတ်နဲ့သစ်ကို အဝနမ်းပြီး ပုံလေးတွေ မျှဝေထားပါတယ်။

source: Chit thu way & Sandi myint lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။