ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါမြန်မာ ဗီဒီယိုလောက စတင်ပေါ်ပေါက်ကတည်းက နာမည်ကြီးလူကြိုက်များပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးအေးဝတ်ရည်သောင်းကိုသိကြမယ်ထင်ပါတယ်နော်။ အသက်အရွယ်ရလာပင်မဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို့ပင်ထင်ရအောင်နုပျို သွယ်လျလှပနေတာပဲဖြစ်ပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှုဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်လာတာဖြစ်ပြီး သရုပ်ဆောင်ပီပြင်လွန်းတဲ့အတွက်ကြောင့် ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သဘာဝကျကျသရုပ်ဆောင်ခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ photo shooting ၊ ကြော်ငြာတွေလည်းရိုက်ကူးလာတာဖြစ်ပြီး ပွဲလမ်းသဘင်ဆိုင်ဖွင့်ပွဲတွေကို မကြာခဏတက်ရောက်လာတာကို ပရိသတ်ကြီးတို့တွေ့မြင်ရမှာဖြစ်ပါတယ်။ 

အခုတစ်ခါမှာဆိုရင်လည်း ပြည်မြို့ Beauty City ဆိုင်ခွဲဖွင့်ပွဲကို Project K နှင့်အတူတက်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်"ပြည်မြို့ Beauty City ဆိုင်ခွဲဖွင့်ပွဲကို ဒီနေ့Project K နှင့်အတူဖွင့်လှစ်ခဲ့ပါတယ်ရှင့်။လာပြီးအားပေးကြတဲ့အမျိုးတွေ အရမ်းချစ်။ ကြာဥလေးဆိုပြီး ဝိုင်းအော်ကြတာကြားရတော့ ပိုပျော်ရတာပေါ့" ဆိုတဲ့ status လေးနဲ့အတူ သူတို့လေးတွေရဲ့အလှပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးထားတာဖြစ်ပြီး myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။