မိန်းမပျိုလေးတွေကြားမှာ နာမည်ကြီးနေသူလေး တိုင်ရွန်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေရိုက်ကူးလေ့ရှိသလို သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ ကမ်းခြေမှာ သူငယ်ချင်းတွေနဲ့ အတူ အခွီတစ်လိုင်းကထားတဲ့ အမိုက်စား Tik tok ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး အရမ်းချစ်ဖို့ကောင်ပြီး ကကွက်အဆန်းလေးတွေနဲ့ ရီနေရတာလည်းဖြစ်ပါတယ်။

တိုင်ရွန်ရဲ့ ရုပ်ရှင်ဇာတ်ကားများဟာလည်း နောက်ပိုင်းမှာ လူကြိုက်များအားပေးလာတာဖြစ်ပါတယ် သူရဲ့ Tik tok ဗီဒီယိုလေးတွေဟာဆိုရင်လည်း မိန်ကလေး ပရိသတ်တွေကြားမှာ ရေပန်းစား အကြိုက်များတာလည်းတွေ့ရပါတယ်။သူကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။ကဲ....ချစ်ပရိသတ်တွေတွက် တိုင်ရွန်ရဲ့ TikTok ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Tyron Bejay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။