ပရိတ်သတ်ကြီးရေ အနုပညာလောကက အနုပညာရှင်တွေကတော့ ပရိတ်သတ်ကို အမြဲတမ်းအသစ်အသစ်တွေဖန်တီးပြသတင်ဆက်နေတာပဲဖြစ်ပါတယ်။မင်းသား မင်းသမီးတွေ ဒါရိုက်တာတွေ ဇာတ်ပို့ဇာတ်ရံတွေကလည်း ဇာတ်လမ်းတစ်ခုရဲ့အသွားအလာကိုကြည့်ပြီး ကိုယ်စီကိုယ်စီ အားထုတ်ကြိုးစားကြပါတယ်။ဇာတ်ကားကောင်းတစ်ကားဖြစ်အောင် ပရိတ်သတ်ကိုပေးချင်တဲ့ ဗဟုသုတကို ပေါ်လွင်အောင် ရိုက်ကူးပုံဖော်ပြီးမှ ပရိတ်သတ်ကိုချပြတာပဲ ဖြစ်ပါတယ်။ 

ဇာတ်ကားကောင်းတွေအများကြီးကို ပုံဖော်ရိုက်ကူးထားတဲ့ဒါရိုက်တာ ဝိုင်းက အခုဆိုရင် ပပဝတီစီရင်ခန်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အသက်ဝင်အောင်ဖန်တီးပြီးရင် ပရိတ်သတ်ကို ချပြဦးမှာဖြစ်ပါတယ်။ပပဝတီစီရင်ခန်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ထိပ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ ဖွေးဖွေးနဲ့မိုးဟေကိုက အားပြိုင်ထားပြီး မင်းသားတွေဖြစ်တဲ့ ထွန်းထွန်းနဲ့အလင်းရောင်ကပါဝင်ထားပြီး ကျန်တဲ့ဇာတ်ပို့ဇာတ်ရံများစွာနဲ့ သေချာပုံဖော်ရိုက်ကူးမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။

ဖွေးဖွေးကလည်း အရမ်းကောင်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေကြားရေပန်းစားပြီးအကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားတဲ့ချစ်စရာမင်းသမီးလေးဖြစ်ပါတယ်။မိုးဟေကိုကလည်း အနုပညာလောကကိုလျှောက်လှမ်းခဲ့တာကြာပြီဖြစ်လို မလျော့သောအိုင်တင်တွေနဲ့ စမတ်ကျပြီးတည်ငြိမ်တဲ့မင်းသမီးလေးပါ။သူတို့နှစ်ယောက်က ဇာတ်ကားထဲမှာ ဘယ်လိုမျိုးအိုင်တင်တွေကိုထုတ်ပြီး ပရိတ်သတ်ကို ဇာတ်အဆုံးထိ ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ပရိတ်သတ်တွေလည်းစိတ်ဝင်စားနေကြပါပြီနော်။ဇာတ်ကားရဲ့ခေါင်းစဉ်ကိုက ပပဝတီစီရင်ခန်း ဆိုတော့ သူတို့နှစ်ယောက်ဘယ်လိုတွေအားပြိုင်ထားကြလဲဆိုတာ ပရိတ်သတ်ကြီးလည်းစောင့်မျှော်ကြည့်ရှု့ကြပါဦးနော်။

Source:Htin Aung Tun/Moe Hay Ko/Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။