မနေ့ညပိုင်းကယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဒ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ဘရိုက်တန်အသင်းတို့ပွဲမှာတော့အိမ်ရှင်မန်ယူအသင်းက(၂-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရသွားပါတယ်။ခုမန်ယူအသင်းကိုယာယီတာဝန်ယူနေတဲ့နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ မန်ယူပွဲစဉ်တိုင်းကတော့ပရိတ်သတ်စိတ်အဝင်စားဆုံးဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့အပတ်ကစပါးအသင်းနဲ့ပွဲစဉ်မှာကတည်းကနည်းပြဆိုးလ်ရှားကိုကစားသမားတွေနဲ့ပရိသတ်တွေကယုံကြည်မှုမြင့်တက်ခဲ့တာပါ။

မန်ယူအသင်းဟာမနေ့ကယှဉ်ပြိုင်တဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာပွဲထွက်နေကျလူစာရင်းနဲ့ပဲထွက်ခဲ့တာဖြစ်ပါတယ်။ဆိုးရှားလက်အောင်မှာပုံမှန်ခြေစွမ်းတွေရပြီးဂိုးတွေသွင်းနေတဲ့ပေါ့ဘာကတော့ထုံးစံအတိုင်းပဲ၂၇မိနစ်မှာပယ်နတီကနေဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။မန်ယူအသင်းဟာပိုမြန်ဆန်တဲ့ကစားကွက်တွေကိုမြင်တွေ့ခဲ့ရပြီးပွဲကစားချိန်၄၂မိနစ်အရောက်မှာရက်ဖို့ဒ်ကနေဦးဆောင်ဂိုးသွင်းယူပြီးပထမပိုင်းအပြီးမှာ(၂-ဝ)ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နေတာပါ။

ဒုတိယပိုင်းပွဲစချိန်မှာတော့ဘရိုက်တန်အသင်းကချေပဂိုးတွေရဖို့ကြိုးစားခဲ့ပေမယ့်မန်ယူနောက်တန်းနဲ့ဂိုးသမားကြောင့်ထင်သလောက်တိုက်စစ်မဆင်နိုင်ခဲ့ပါဘူး။ဒါပေမယ့်ပွဲကစားချိန်၇၁မိနစ်မှာတော့ပက်စ်ကယ်ဂရော့စ်ကဘရိုက်တန်အသင်းတွက်ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။ကျန်ပွဲကစားချိန်မှာလည်းနှစ်သင်းလုံးဂိုးမသွင်းယူနိုင်တာကြောင့်ပွဲအပြီးမှာ(၂-၁)ဆိုတဲ့ရလဒ်နဲ့မန်ယူအသင်းအနိုင်ရခဲ့ပါတယ်။ဒီပွဲအနိုင်ကြောင့်မန်ယူအသင်းနည်းပြဆိုးလ်ရှားဟာပထမဆုံးကိုင်တွယ်တဲ့၆ပွဲဆက်တိုက်အနိုင်ရတဲ့သူဖြစ်လာပါပြီ။ဆိုးလ်ရှားအတွက်ဒုတိယအကြိမ်အစမ်းသပ်ခံရမှာကတော့နောက်အပတ်မှာအာဆင်နယ်အသင်းနဲ့FAဖလားပြိုင်ပွဲကပရိသတ်တွေစိတ်ဝင်အစားဆုံးဖြစ်နေရတာပါ။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။