Sexyကျကျပွဲတက်ပုံရိပ်လေးတွေကြောင့်လတ်တလောမှာပရိသတ်အများစုရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာကတော့မော်ဒယ်မင်းသမီးချောလေးသင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်အလှတွေကြောင့်သူ့ရဲ့သူ့ပုံရိပ်တိုင်းကပရိသတ်တွေသာမကအနုပညာရှင်တွေကြားမှာပါထင်ဟပ်စေတာပါ။ဆိုင်ဖွင့်ပွဲလေးတွေတိုင်းမှာလည်းမပါမဖြစ်ဖိတ်ကြားခံရပြီးဖွင့်လှစ်ပေးရတဲ့နာမည်ကျော်တစ်ယောက်ဖြစ်ပါတယ်။

ဝေဖန်မှုတွေရှိပေမယ့်လည်းပရိသတ်တွေအတွက်အကောင်းဆုံးအနုပညာအလုပ်တွေကိုကြိုးစားနေတာဖြစ်ပါတယ်။အသက်တွေကြီးလာပေမယ့်ယခုချိန်တိုင်သူ့ရဲ့အလှတွေကပိုပြီးတိုးနေတာကပရိသတ်တွေအားကျချစ်နေရတာပါ။ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေကိုမပြတ်လုပ်တာကြောင့်လည်းခုလိုလှမြဲလှနေတာဖြစ်ပါတယ်။သူမရဲ့ပုံရ်ပ်လေးတွေကိုပရိသတ်တွေအတွက်လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းသူ့ပုံရိပ်တိုင်းကိုအားပေးနေကြတာပါ။

သူကတော့အနုပညာအလုပ်တွေအပြင်ပရဟိတအလုပ်လေးတွေကိုပါတက်နိုင်တဲ့ဘက်ကနေလုပ်နေတာဖြစ်ပါတယ်။ခုမှာလည်းလူမှုကွန်ရက်ကနေတင်ထားတဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေသင်ဇာရဲ့စိတ်ထားဖြူစင်မွန်မြတ်ပုံကိုသိနိုင်ပါတယ်။ယုန်လေးတွေကိုအစာကျွေးပြီးပျော်ရွှင်ကြည်နူးနေတဲ့သင်ဇာရဲ့ပုံရိပ်လေးတွေကပရိသတ်တွေကိုကြည်နူးမိစေမှာအမှန်ပါပဲ။အနုပညာအလုပ်တွေပရဟိတအလုပ်တွေပါလုပ်ကိုင်ရင်းနဲ့ယုန်းလေးတွေကိုပါအစာကျွေးနေတဲ့သင်ဇာရဲ့မွန်မြတ်ဖွယ်ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။