ပရိတ်သတ်ကြီးရေ... လူငယ်တွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ မိတ်ကပ် artistic မလေး ဟန်နာယူရီ ဆိုတာပရိတ်သတ်တွေအသည်းကျော်လေးပါပဲနော်။ သူမရဲ့ကိုရီးယားမလေးလိုလို တရုတ်မလေးလိုလိုမျက်နှာလေးဟာ ဘာဘီမလေးအလားထင်မှတ်မှားစေနိုင်တဲ့အပြင် အသားလေးကလည်းဖြူစွတ်နေတော့ နတ်သက်ကြွေလာတဲ့နတ်သမီးလို့ကိုထင်လာမြင်လာစေနိုင်တဲ့အထိပါပဲနော်။

မိတ်ကပ်လောကမှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ မော်ဒယ်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီးတော့ ခရီးလေးတွေကိုလည်း စိတ်ပြေလက်ပျောက် သွားဖြစ်နေပါတယ်နော်။သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ထုံးစံအတိုင်းသူမရဲ့ ချစ်ပရိတ်သတ်ကြီးကိုမျှဝေပေးထားခဲ့ပြန်ပါတယ်နော်။

ကဲ... အလုပ်တွေလည်းအရမ်းကိုကြိုးစားသလောက် ဘာသာရေးဘက်မှာလည်း အရှိန်လျော့မသွားဘဲ စနေနေ့တိုင်းသူမပြုနေကျကုသိုလ်ကောင်းမှုလေးကို အပတ်စဉ်မပြတ်တမ်းပြုလုပ်လျက်ရှိပါတယ်။အဲ့ဒါကတော့ စနေနေ့တိုင်း တောင်ပေါ်ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့တဲ့အလှူပါ။တစ်ပတ်ကိုနှစ်ရက်လောက်ကိုယ်တိုင်ဆွမ်းထချက်ဖြစ်ပြီးတော့ ခုနှစ်ရက်သားသမီးတွေအတွက်အမြဲလိုလိုအလှူပေးအမျှဝေနေကျပါနော်။ကဲ...ဒီတော့ ဟန်နာယူရီလေး ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့နေခဲ့တဲ့ ပုံရိပ်လေးတွေကိုပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။