ဒီနေ့မှာတော့အာရှဖလားရဲ့ရှုံးထွက်ပွဲစဉ်တွေကိုကစားတော့မှာပဲဖြစ်ပါတယ်။ဒီနေ့ရှုံးထွက်ပွဲစဉ်တွေမှာတော့ပရိသတ်စိတ်အဝင်စားဆုံးပွဲစဉ်နှစ်ပွဲပါဝင်လို့နေခဲ့တာပါ။အာစီယံရဲ့ထိပ်သီးအင်အားကြီးအသင်းတွေဖြစ်တဲ့ဗီယက်နမ်နဲ့ထိုင်းအသင်းတို့ကတော့ဒီနေ့မှာရှုံးထွက်ပွဲစဉ်တွေကိုစတင်ကစားရတော့မှာဖြစ်ပါတယ်။အာစီယံဆူဇူကီးချန်ပီယံဗီယက်နမ်အသင်းကလည်းဒီနေ့မှာသူတို့ရဲ့ချန်ပီယံစိတ်ဓာတ်တွေခြေစွမ်းတွေကိုပြသရတော့မှာဖြစ်ပါတယ်။

ဗီယက်နမ်အသင်းကတော့ဒီနေ့ညနေ၅နာရီခွဲမှာအာရှထိပ်သီးဂျော်ဒန်နဲ့ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။ဗီယက်နမ်အသင်းဟာအုပ်စုပွဲစဉ်တွေမှာအုပ်စုကျပ်ထဲကျရောက်ခဲ့ပေမယ့်အသင်းတိုင်းကိုမာကျောတဲ့စိတ်ဓာတ်တွေနဲ့ကစားခဲ့ပြီးအကောင်းဆုံးအုပ်စုတတိယနဲ့ရှုံးထွက်ကိုတက်ရောက်နိုင်ခဲ့တာပါ။ဂျော်ဒန်အသင်းကတော့သြစတေးလျတို့နဲ့တစ်အုပ်စုတည်းကျခဲ့ပြီးအုပ်စုဗိုလ်နဲ့ရှုံးထွက်တက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အာစီယံဘုရင်ဖြစ်တဲ့ဗီယက်နမ်ကတော့ဂျော်ဒန်အသင်းကိုခက်ခက်ခဲခဲနဲ့ကစားရတော့မှာဖြစ်ပါတယ်။

ထိုင်းအသင်းကလည်းဒီနေ့ည၈နာရီခွဲမှာတရုတ်အသင်းနဲ့ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်။ထိုင်းအသင်းကတော့အုပ်စုအဖွင့်ပွဲစဉ်မှာအိန္ဒိယအသင်းကိုဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်အကောင်းဆုံးစိတ်ဓာတ်တွေနဲ့တူတူအုပ်စုဒုတိယရပြီးရှုံးထွက်အဆင့်ကိုတက်ရောက်လာတာဖြစ်ပါတယ်။တရုတ်အသင်းကလည်းတောင်ကိုရီးယားအသင်းကိုသာရှုံးနိမ့်ခဲ့ပြီးအုပ်စုဒုတိယရခဲ့တာဖြစ်ပါတယ်။နာမည်ကြီးနည်းပြလစ်ပီကိုင်တွယ်တဲ့တရုတ်အသင်းကိုနာမည်ကြီးထိုင်းအသင်းဘယ်လိုစိတ်ဓာတ်တွေနဲ့ကစားမလဲဆိုတာတာ့စိတ်ဝင်စားစရာပါပဲ။အာစီယံရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့အာရှထိပ်သီးအသင်းတွေကိုဘယ်လိုကစားမလဲဆိုတာတော့ပရိသတ်တွေစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Photo:Asian Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။