ခိုင်နှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်နေတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ခိုင်းနှင်းဝေတစ်ယောက် ဦးနှောက်ရေအိတ်တည် ရောဂါခံစားနေရသော အသက် 1နှစ်အရွယ် သားလေး မောင်တုနှိုင်းထွဋ်ဝင်း အား ဆေးဝါးကုသမှုများ ခံယူနိုင်ရန်အတွက် လိုက်လံ ကူညီပေးခဲ့ပါတယ်။ 

ခိုင်နှင်းဝေကတော့ " ယနေ့ ကျွန်မ တို့ ခိုင်နှင်းဝေ ပရဟိတအသင်းသို့ဆက်သွယ် အကူညီတောင်းလာသော ဦးနှောက်ရေအိတ်တည် ရောဂါခံစားနေရသော အသက် 1နှစ်အရွယ် သားလေး မောင်တုနှိုင်းထွဋ်ဝင်း အား ကြည့်မြင့်တိုင် အနောက်ပိုင်းဆေးရုံ ကြီးတွင် လိုအပ်သော ဆေးဝါးကုသမှုများ ခံယူနိုင်ရန်အတွက် လိုက်လံ ကူညီထောက်ပံ့ပေးခဲ့ပါတယ်ရှင်

ကလေးမိခင်မှာ မဟေမာဝင်း ဖြစ်ပြီး လက်ရှိ PISM ကျောင်းတွင် စာရေးမ အလုပ်ကို လုပ်ကိုင်နေပြီ်း ပထမနှစ် ညီမတယောက်နှင့် 10တန်းကျောင်းသားမောင်လေးကို အဒေါ်အပျိုကြီးနှင့်အတူ စောင့်ရှောင့်နေရလို့ ကလေး အတွက်ဆေးဖိုး ရေရှည်အခက်ခဲရှိ၍ အသင်းသို့ အကူညီတောင်းရခြင်းဖြစ်ပါတယ် ကလေးဖခင်နှင့် 7လပိုင်းတွင် လမ်းခွဲခဲ့ တယ်လို့လည်းဆိုပါတယ်

ကလေးကို မွေးဖွားစဉ်က ရေမွှာ အနောက်ရည် ကလေး ပါးစပ်ထဲကိုဝင်ခဲ့လို့ ကလေးအသားတွေဝါ ပြီး ဆရာဝန် များက အသက်ရှင်ဖိုာ 50% / 50% ဖြစ်လို့ ဆေးရုံ မှာ ရက်အတော်ကြာ တက်လိုက်ရတယ်လို့ သိခဲ့ရပါတယ် .....

ယခုလက်ရှိတွင် ကလေးက ခေါင်းမထောင်နိုင်ပဲ အကြောတွေ တချက်တချက်ဆွဲ နေလို့ ကလေးက ဆေးသောက် လေ့ကျင့်ခန်း အဆက်မပြတ် လုပ်ရင်းနဲ့ ပဲ သက်သာအောင် လုပ်လို့ရမယ် ပျောက်ကင်းအောင်လုပ်လို့တော့ မရဖူးလို့ ပြောပါတယ်

ကလေးကို ကလေးဆေးရုံ ဟယ်ပင်ရှိ ဦးနှောက် နဲ့ အာရုံကြောကိုပြန်ပြဖို့ လွှဲစာရေးပေးထားတယ်လို့ သိခဲ့ရပါတယ် ရှင် "ဆိုပြီးရေးသာပါတယ်။ 

source:      ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။