ရွှေကစ်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ကောင်းချက်တွေကြောင့် အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေကစ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုအမှုလေးတွေ ချစ်စရာအပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေသူလေးပဲဖြစ်ပါတယ်။

ရွှေကစ်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ ပရိသတိတွေချစ်ခင်အားပေးခဲ့ရတဲ့ မင်းသမီးချောလေးဖြစ်ပြီး အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားသူလေးပဲဖြစ်ပါတယ်။ ရွှေကစ်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထိမိလွန်းတဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အားလုံးကဝိုင်းချစ်ကြပြီး အားမပေးသူမရှိလောက်အောင် ရေပန်းစားကျော်ကြားနေသူ ဖြစ်ပါတယ်။

ယနေ့မှာတော့ ရွှေကစ်တစ်ယောက် " တစ်ခါတစ်လေ သဘာဝအတိုင်းဖြစ်တည်မှုအလှ တွေက ပြု ပြင်စရာမလိုပဲ အဖိုးတန်ပြီးလှနေတတ်ကြတယ် " ဆိုပြီးရေးသားထားပါတယ်။ ဘာမှမပြုပြင်ဘဲ သဘာဝတိုင်းလှနေတဲ့ မကစ်နဲ့မှ ဆည်းဆာအလှတို့ပေါင်းစပ်ထားတဲ့ ရွှေကစ်ရဲ့ ပုံရိပ်လေးဟာ ကြည့်ရူသူရင်ကိုအေးချမ်းစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရွှေကစ်ရဲ့ ချစ်စရာပုံလေးကိုဖော်ပြပေး လိုက်ပါတယ်။

SOURCE:ရွှေကစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။