မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ပီပြင်တိကျတဲ့ အိုက်တင်တွေနဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးအသက်သွင်းနိုင်တဲ့ ရွှေမှုန်က ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိထားသူ ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ရွှေမှုန်က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

ခပ်ချေချေ မျက်နှာပေးနဲ့ အထာကျကျ အိုက်တင်လေးတွေ ပေးတတ်တဲ့ ရွှေမှုန်ကိုတော့ အားလုံးက အချေမင်းသမီးလေးလို့ပင် တင်စားရတာ ဖြစ်ပါတယ် ။ အခုလည်း ရွှေမှုန်က အရင်ကထက် ပိုပြီး Confident ရှိတဲ့ အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်တွေကို အံ့အားသင့်လောက်အောင် ဖမ်းစားလိုက်ပြန်ပါတယ်။ ရွှေမှုန်က " It's all about Confident '' ဆိုပြီး ခပ်မိုက်မိုက် စတိုင်နဲ့ သူမရဲ့ပုံရိပ်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

နိုင်ငံခြားမော်ဒယ်လေးတစ်ယောက်လို အမြင်မှားသွားစေမယ့် ရွှေမှုန်ရဲ့ပုံရိပ်လေးတွေကတော့ ပုရိသတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ရွှေမှုန်နဲ့ ရွှေထူးတို့ ဇနီးမောင်နှံက ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးရောက်ရှိနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အချေမင်းသမီးလေး ရွှေမှုန်ရတီရဲ့ Confident အပြည့်နဲ့ အပြတ်ဂေါ်နေတဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati;

Photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။