တစ်ခေတ်တစ်ခါတည်းက အနုပညာလောကမှာ ရေပန်းစားခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အရင်ကတည်းက အိုင်တင်ကောင်းခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကို အများက မခိုင်လို့ ချစ်စနိုးခေါ်ကြပါတယ်။သူမရဲ့ ဇာတ်ကားများဟာဆိုရင် တိကျပိုင်နိုင်တဲ့အိုင်တင်တွေကြောင့် ပရိတ်သတ်တွေကအားပေးကြည့်ရှု့ကြတဲ့အပြင် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါသေးတယ်နော်။မခိုင်ရဲ့ အပြင်အဆင်တွေကလည်း တခြားမင်းသမီးတွေနဲ့မတူဘဲ ဖက်ရှင်ကျလွန်းတဲ့ ဒီဇိုင်းတွေကြောင့် အများနဲ့မတူဘဲ တစ်မျိုးလေးဆန်းနေပါတယ်။

ထွန်းအိန္ဒြာဗိုလ်က အခုဆိုရင် အနုပညာလောကမှာ ထိပ်တန်းဝါရင့် အနုပညာရှင်တစ်ယောက်ဖြစ်နေပြီး တက်သစ်စအနုပညာရှင်လေးတွေကိုလည်း ဖေးမလို့ လက်တွဲခေါ်ဆောင်နေပါတယ်။ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင်တာလည်းပိုင်နိုင်တဲ့အပြင် သီချင်းဆိုတာလည်းတော်ပါတယ်နော်။သူမရဲ့သီချင်းတွေကလည်း ပရိတ်သတ်ရဲ့ရင်ထဲကို တိုက်ရိုက်ထိလို့ တစ်ခဲနက်အားပေးကြပါတယ်။သူမရဲ့အသံချိုချိုလေးက သီချင်းအေးအေးလေးတွေနဲ့ လိုက်ဖက်လို့ သူသီဆိုခဲ့တဲ့သီချင်းမှန်သမျှပေါက်ခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က သူမချစ်တဲ့သူနဲ့ အိမ်ထောင်ပြုလိုက်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးတစ်ခုကို နှစ်ဦးသားပေါင်းစပ်ထားကြပါတယ်။သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်းက အခုဆိုရင် နှစ်၂၀ တိုင်ခဲ့ပြီးသားလေးတစ်ယောက်ကလည်း မေမေအဖော်ပြုလို့ရအောင် အရွယ်ရောက်နေပါပြီ။ပြီးပြည့်စုံပြီးတည်ငြိမ်အေးချမ်းတဲ့မိသားစုလေးဖြစ်လို့ ပရိတ်သတ်တွေကအားကျနေရတာပါ။မနေ့ကဆိုရင် မခိုင်ရဲ့ခင်ပွန်းဖြစ်သူက အိမ်ထောင်သက် အနှစ်၂၀မှာ ပထမဆုံးချက်ကျွေးတဲ့ ဟင်းလျာကို မိန်းမဖြစ်သူကိုကျွေးလို့ မခိုင်တစ်ယောက်ကတော့အရမ်းပျော်နေပြီးပီတိဖြစ်နေပါတယ်။ဒီနေ့ဆိုရင်လည်း မခိုင်က ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး တစ်ရက်တာအိမ်ရှင်မလုပ်ခဲ့ပြီး မိသားစုကိုဖွယ်ဖွယ်ရာရာလေးချက်ကျွေးခဲ့ပါသေးတယ်။အပြန်အလှန်နားလည်မှုတွေဖေးမမှုတွေနဲ့ရှေ့ဆက်နေတဲ့သူတို့မိသားစုလေးက ကြည်နူးစရာပါနော်။

Source:Mi Mi Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။