ဗီယက်နမ်အသင်းဟာ ဒီနေ့ညနေ ၅နာရီခွဲမှာ အာရှထိပ်သီး ဂျော်ဒန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ အုပ်စုပွဲစဉ်တွေမှာ အုပ်စုကျပ်ထဲကျရောက်ခဲ့ပင်မဲ့ အသင်းတိုင်းကိုမာကျောတဲ့ စိတ်ဓာတ်နဲ့ကစားခဲ့ပြီး အကောင်းဆုံးအုပ်စု တတိယနဲ့ရှုံးထွက်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။ 

ဂျော်ဒန်အသင်းကတော့ သြစတေးလျအသင်းနဲ့တစ်အုပ်စုထဲကျခဲ့ပြီး အုပ်စုဗိုလ်နဲ့ရှုံးထွက်ကို တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ပွဲစဉ်မှာ ဗီယက်နမ်အသင်းဟာ ဂျော်ဒန်အသင်းကို ခက်ခက်ခဲခဲနဲ့ယှဉ်ပြိုင်ကစားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပထမပိုင်းပွဲအစမှာပဲ ဂျော်ဒန်အသင်းက ဗီယက်နမ်အသင်းကို အဖွင့်ဂိုးစတင်သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဗီယက်နမ်အသင်းဟာ ချေပဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဗီယက်နမ်အသင်းဟာ သာမန်ပွဲကစားချိန်ပြည့်လို့ အချိန်ပိုကစားရချိန်တွင် ပင်နယ်တီသွင်းဂိုးကြောင့် ဂျော်ဒန်အသင်းကိုချေပဂိုးပြန်လည်သွင်းယူလိုက်နိုင်ပြီး ကွာတားဖိုင်နယ်သို့တက်ရောက်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက်လုံး ဗီယက်နမ်အသင်းဟာ မာကျောတဲ့စိတ်ဓာတ်နဲ့အပြင်းအထန်ကြိုးစားမှုတွေကြောင့် ဂျော်ဒန်အသင်းကိုချေပဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဗီယက်နမ်အသင်းဟာ ဆူဇူကီးချန်ပီယံဂုဏ်ပုဒ်နဲ့ကိုက်ညီအောင် အာဆီယံဂုဏ်ကိုဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo - AFC Asian Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။