Hailey Baldwin ဟာဆိုရင် Justin Bieber နဲ့ March လမှာ ဒုတိယအကြိမ် လက်ထပ်ဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ သူမနဲ့သူမ အမေ Kennya Baldwinနဲ့အတူ မင်္ဂလာဆောင်အတွက်လိုတာတွေကို လိုက်လံဝယ်ယူကာ ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ Hailey နဲ့ Justin တို့ရဲချစ်ခြင်းဟာလဲ ပရိသတ်တွေကြားမှာအရမ်းကိုနားလည်ရခတ်ခဲခဲ့ပါတယ်။ လူတွေလဲ ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

သို့သော်များလဲနောက်ပိုင်းမှာ တဖြည်းဖြည်းအဆင်ပြေလာခဲ့ပါတယ်။ Haileyဟာဆို ခုချိန်မှာ အသက်၂၂ရှိနေပြီဖြစ်ကာ ကြာသပတေးနေ့က သူ့အမေနဲ့အတူ လိုတာတွေဝယ်ခဲ့ကာ အဲ့နေမှာပဲ Hailey ဟာ ဒီဇိုင်ကုမ္ပဏီပွဲတစ်ခုကိုလဲ တက်ရောက်ခဲ့ပါတယ်။ Hailey နဲ့ Justin ဟာဆိုရင် ပြီးခဲ့တဲ့ Septemberလမှာ တိုးတိုးတိတ်တိတ် တရားဝင် လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ခုချိန်မှာတော့ သူတို့ဟာ မိသားစုနဲ့မိတ်ဆွေတွေရှေ့မှာ ထပ်မံမင်္ဂလာဆောင်ဖို့ဆုံဖြတ်လိုက်ကြပါတယ်။

သူတို့လက်ထပ်တဲ့အချိန်ဟာဆို Justin ရဲ့ ၂၅နှစ်မြောက်မွေးနေ့ဖြစ်တဲ့ March လ1 ရက်နေ့ပဲဖြစ်ပါတယ်။ Justin ဟာလဲခုချိန်မှာ သူ့သီချင်းအသစ်တွေမလုပ်နိင်သေးပဲရှိကာ ပရိသတ်များကလဲ သူ့သီချင်းအသစ်တွေကို စောင့်မျှော်လျက်ရှိပါတယ်။ ဲHailey ကတော့ ခုချိန်မှာ Model အလုပ်တွေကိုပဲဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၅....၂၀၁၆မှာ ခနတာ အဆင်မပြေမှုတွေရှိခဲ့ကာ ၂၀၁၈ မေလမှာ အချစ်တွေတဖန်ထင်ပေါ်ခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။