'Super Blood Wolf Moon' လိုခေါ်တဲ့ လအမျိုးအစားဟာဆိုရင် ၁၈နှစ်မှာတခါသာဖြစ်ပေါ်တဲ့ လအမျိုးအစားပါ။ အဲ့လကို ကြည်ရှုဖို့မလွတ်သင့်ဘူးလို့ထင်ပါတယ်.....ဘာလို့လဲဆိုတော့ ၁၈နှစ်မှတစ်ခါဖြစ်တာမို့ပါ။ အဲ့လိုမြင်ရတဲ့အခွင့်အရေးဟာ ကျွန်တော်တို့လူသားတွေထဲက တချို့ရဲ့နောက်ဆုံးအကြိမ်နဲ့ ဆန်းပြားတဲ့လကိုတွေ့ရတဲ့ အခေါက်ဖြစ်နိုင်ပါတယ်။ အဲ့လဟာဆို တနင်္လာနေ့ရဲ့ မနက်စောစောအချိန်မှာ ဖြစ်ဖို့ရှိပါတယ်။ဒါပေမဲ့အဲ့လကို ကမ္ဘာကြီးရဲ့တစ်ခြမ်းသာ မြင်နိုင်ပါတယ်။ 

တနင်္လာနေ့မနက်မှာ အဲ့လကြီးဟာဖြစ်ပြီးနောက် နောက်တကြိမ်ကို ၂၀၃၇ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာထပ်မံဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ အဲ့အကြိမ်ပေါ်ချင်းက တတိယအကြိမ်နဲ့ ၂၁ရာစုရဲ့နောက်ဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ' Super Blood Wolf Man ' ဟာဆို နာမည်နဲ့လိုက်အောင်ပဲ အံ့မခန်းဖွယ် အနီရောင်ပုံစံကိုပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။အဲ့လကို ' Wolf Moon ' လို့လဲခေါ်ကြပြီး ဘာလို့ခေါ်လဲဆိုတော့ ရှေးပုံပြင်တွေအရ ဆာလောင်မွန်းသိပ်နေတဲ့ မြေခွေးကြီးဟာ ရွာရဲ့အပြင်ဘက်ကနေ အူ လိုက်ရာ လကြီးဟာ ခုလိုဖြစ်သွားတယ်လို့ပြောခဲ့ပါတယ်။  

အဲ့လကိုတော့ Ukကနေ အနောက်ပိုင်း ဥရောပတိုက် နဲ့ အနောက်ပိုင်း အာဖရိကတိုက်တို့မှာမြင်တွေ့နိုင်ပါတယ်။ အဲ့လဖြစ်စဉ်ဟာ ၁၈၇၄ခုနှစ် အောက်တိုဘာ ၂၅ကနေစတင်ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးအနေနဲ့ကတော့ ၂၀၀၁ခုနှစ် ဇန်နဝါရီ ၉ရက်နေ့မှာဖြစ်ပေါ်ခဲ့တဖြစ်ပါတယ်။ တစ်ချို့တွေကအဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကမ္ဘာပျက်တာတို့ ငရဲတံခါးပွင့်တာတို့ စသဖြင့် ပြောဆိုလျက်ရှိရာ တစ်ချို့ကတော့ နက္ခဗေဒနဲ့ဆိုင်တယ်လို့ပြောကြားလျက်ရှိပါတယ်။ ၁၈နှစ်မှာ တစ်ကြိမ်ဖြစ်တာ မထူးဆန်းဘူးလား။ပရိသတ်ကြီးရောဘယ်လိုထင်ပါလဲ ခဗျာ.........။

Source : Mirror Weird New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။