ကမ္ဘာပေါ်က ချစ်စရာအကောင်းဆုံး ခွေကလေး Boo ဟာဆိုရင် အသည်းကွဲကာ စိတ်မကောင်းစွာပဲ သေဆုံးသွားခဲ့ပါတယ်။ ခွေးတွေလဲ ခံစားချက်အရမ်း ပြင်းပြတတ်ပါတယ်....ခုချိန်မှာ ရင်ကွဲနာကျပြီ သေဆုံးတဲ့ သူတွေဟာ မရှိသလောက်ဖြစ်တဲ့ချိန်မှာ ခွေးလေး Boo ဟာဆိုရင်တော့ သူရဲ့အစားထိုးမရနိုင်တဲ့အဖော် သေဆုံးတဲ့အချိန်မှာ သူဟာဘယ်လိုမှမခံစားနိုင်ပဲ သေဆုံးသွားခဲ့ပါတယ်။ ခွေးကလေး Boo ဟာဆို Social Media မှာ Follower 17.5m ရှိပါတယ်။ လူတွေရဲ့အောင်မြင်မှုနဲ့ သိပ်မကွာလောက်အောင် အောင်မြင်ပါတယ်။

ချစ်စရာကောင်းတဲ့ခွေးလေးဟာ အစားထိုးမရနိုင်တဲ့ သူငယ်ချင်းလေ Buddy သေဆုံးခဲ့ပြီ ၁နှစ်အကြာမှာပဲသေဆုံးခဲ့ကာ သူရဲ့ပိုင်ရှင် Irene Ahn က ခွေးကလေး Boo မှာ မခံစားနိုင်လောက်အောင် ဝမ်းနည်းမှုတွေရှိခဲ့လို့ ခုလိုသေဆုံးခဲ့ရတယ်လို့ မှန်းဆပြောဆိုခဲ့ပါတယ်။ သူသေဆုံးခဲ့တာကို Instagramမှာ တင်ခဲ့ပြီးနောက်လူတွေက " Buddy သေဆုံးပြီးနောက်မှာ သူလဲ ဆက်လက်ပြီး မခံစားနိုင်တော့လို့ ၁နှစ်အကြာမှာပဲ လောကကြီးကို အရှုံးပေးခဲ့ပြီးပဲ " လို့ စိတ်မကောင်းစွာပဲ commetပေါင်းများစွာ မန့်ခဲ့ကြပါတယ်။

တိရစ္ဆာန်ဆိုပေမဲ့လဲ လူအများရဲ့ ချစ်ခင်မှုကိုရထားတော့....သေဆုံးသွားတာတောင် ဝမ်းနည်းခြင်းအထိမ့်အမှတ်စကားများကို လာရောက်ပြောပေးကြတာပါပဲ။Booဟာ ၂၀၀၆ခုနှစ်မှာ သူ့သခင် Ireneတစ်ယောက် San Fransisco အိမ်ကိုရောက်တုန်းမှာ Buddyနဲ့သူငယ်ချင်းစတင်ဖြစ်ခဲ့ပါတယ်။ အဲ့နေက်မှာတော့ သူတို့နှစ်ယောက်ဟာ ဓာတ်ပုံတွေအတူတူရိုက်ကာ လူမူကွန်းရက်ပေါ်တင်ခဲ့ကြပါတယ်။ Booရဲ့ပထမဆုံး post ကတော့ " ကျွန်နော်နာမည် Booပါ...ကျွန်တော်ဟာခွေးတစ်ကောင်ပါ...ဘဝဟာ သာယာပါတယ်" ဆိုပြီးပဲဖြစ်ပါတယ်။ တိရစ္ဆာန်လဲ ခံစားချက်နဲ့ပါ.......။

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။